ထားဝယ်တက္ကသိုလ်က ပထမနှစ်(သင်္ချာ) ကျောင်းသားအပါအဝင် လေးယောက်ဖမ်းခံရ
ထားဝယ်တက္ကသိုလ်က ပထမနှစ်(သင်္ချာ) ကျောင်းသားဖြစ်တဲ့ ဇင်လင်းဦး အပါအဝင်သူ ငယ်ချင်းလေးယောက်ကို လုံခြုံရေးအဖွဲ့တွေက နိုဝင်ဘာ ၂၇ ရက်ညနေပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကထုတ်ပြန်ခဲ့ပါတယ်။
“ကိုဇင်လင်းဦးနဲ့သူ့သူငယ်ချင်းလေးယောက် ဖမ်းခံရတာပါ ဘယ်ကိုဖမ်းသွားတယ်ဆိုတာမသိရသေးပါဘူး စုံစမ်းနေတုန်းပါ”လို့ သမဂ္ဂအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။
ထားဝယ်မြို့၊ညောင်ရမ်းတောင်ရပ်ကွက်က နေ အိမ်တစ်လုံးမှာ ဇင်လင်းဦးနဲ့သူ့သူငယ်ချင်းသုံးယောက် ဖမ်းခံခဲ့ရတာပါ။
“ကိုဇင်လင်းဦးနဲ့အတူဖမ်းခံရတဲ့ သုံးယောက်ကဘယ်တွေလဲဆိုတာစုံစမ်းနေပါတယ်”လို့ သမဂ္ဂအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။