ထားဝယ်တက္ကသိုလ်ကျောင်းသားအချို့ ဖမ်းဆီးထိန်းသိမ်းခံထားရ
ပြီးခဲ့သည့်နိုဝင်ဘာလကုန်ပိုင်းနှင့်ယခုဒီဇင်ဘာဒုတိယအပါတ်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ထားဝယ်တက္ကသိုလ်ကျောင်းသားနှင့်ကျောင်းသားဟောင်းအရေအတွက်မှာ ၁၀ဦးထက်မနည်းရှိခဲ့သည်ဟု ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ထုတ်ပြန်ချက်များအရသိရသည်။
ဒီဇင်ဘာ၁၀ရက် နံနက်ပိုင်းက ထားဝယ်တက္ကသိုလ် သင်္ချာကျောင်းသားဟောင်းဖြစ်သော ကိုအောင်ကိုလွင် နှင့် ကိုကောင်းထက်စွမ်း အပါအဝင် သူငယ်ချင်း ၅ဦးတို့ သည် ထားဝယ်မြို့ ၊ မြို့တွင်းရပ်ကွက်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရသည်ဟု ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကပြောသည်။
ဒီဇင်ဘာ၉ရက်နေ့ကလည်း ကညုံကျွန်းရွာတွင်နေထိုင်နေသည့် ထားဝယ်တက္ကသိုလ် ဓာတုဗေဒဌာန တတိယနှစ်ကျောင်းသူ မဇူးဇူးပြည့်စုံဝင်း ၊ ပထဝီဝင်ဝင်ဌာန ဒုတိယနှစ်ဂုဏ်ထူးတန်းကျောင်းသူ မစံပါယ်ဖြူအပြင်မိန်းကလေး(၂)ဦးနှင့် ယောင်္ကျားလေးတချို့ကိုဖမ်းဆီးခံလိုက်ရရာတချို့ကို လောင်းလုံရဲစခန်းတွင်ထားခဲ့၍ တချို့ကို ထားဝယ်မြို့မရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကဆိုသည်။
ထို့အပြင် နိုဝင်ဘာ၃၀ရက် နံနက် ၆နာရီ ခွဲလောက်ခန့်တွင် ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန တတိယနှစ်တွင်ပညာသင်ကြားနေသော ကိုထူးမြတ်လွင်နှင့်အတူ ကိုစိုင်းကိုကိုထွန်း ၊ မလဝန်းပြည့်ပြည့်ထွန်း တို့အား နေအိမ်၌ ရှိနေကြစဉ်ဖမ်းဆီးခံလိုက်ရသလို နိုဝင်ဘာ၂၉ ရက်နေ့နှင့် နိုဝင်ဘာ၂၇ရက်တွင်လည်း ထားဝယ်တက္ကသိုလ် သင်္ချာ ကျောင်းသားဟောင်း ကိုကောင်းမြတ် ၊ထားဝယ်တက္ကသိုလ် ၊ သင်္ချာဌာန ၊ ပထမနှစ်ကျောင်းသား ကိုဇင်လင်းဦး နှင့် သူငယ်ချင်းလေးဦးတို့အား ထားဝယ်မြို့၊ ညောင်ရမ်းတောင် ရပ်ကွက်နေအိမ်တွင် ဖမ်းဆီးခံလိုက်ရသည်ဟု ထားဝယ်တက္ကသိုလ်ကျာင်းသားများသမဂ္ဂကပြောဆိုထားသည်။
zaw gyi
ထားဝယ္တကၠသိုလ္ေက်ာင္းသားအခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံထားရ
ၿပီးခဲ့သည့္နိုဝင္ဘာလကုန္ပိုင္းႏွင့္ယခုဒီဇင္ဘာဒုတိယအပါတ္ထဲ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ ထားဝယ္တကၠသိုလ္ေက်ာင္းသားႏွင့္ေက်ာင္းသားေဟာင္းအေရအတြက္မွာ ၁၀ဦးထက္မနည္းရွိခဲ့သည္ဟု ထားဝယ္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ၏ထုတ္ျပန္ခ်က္မ်ားအရသိရသည္။
ဒီဇင္ဘာ၁၀ရက္ နံနက္ပိုင္းက ထားဝယ္တကၠသိုလ္ သခၤ်ာေက်ာင္းသားေဟာင္းျဖစ္ေသာ ကိုေအာင္ကိုလြင္ ႏွင့္ ကိုေကာင္းထက္စြမ္း အပါအဝင္ သူငယ္ခ်င္း ၅ဦးတို႔ သည္ ထားဝယ္ၿမိဳ႕ ၊ ၿမိဳ႕တြင္းရပ္ကြက္တြင္ ဖမ္းဆီးေခၚေဆာင္ျခင္းကိုခံခဲ့ရသည္ဟု ထားဝယ္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကေျပာသည္။
ဒီဇင္ဘာ၉ရက္ေန႔ကလည္း ကညဳံကၽြန္းရြာတြင္ေနထိုင္ေနသည့္ ထားဝယ္တကၠသိုလ္ ဓာတုေဗဒဌာန တတိယႏွစ္ေက်ာင္းသူ မဇူးဇူးျပည့္စုံဝင္း ၊ ပထဝီဝင္ဝင္ဌာန ဒုတိယႏွစ္ဂုဏ္ထူးတန္းေက်ာင္းသူ မစံပါယ္ျဖဴအျပင္မိန္းကေလး(၂)ဦးႏွင့္ ေယာကၤ်ားေလးတခ်ိဳ႕ကိုဖမ္းဆီးခံလိုက္ရရာတခ်ိဳ႕ကို ေလာင္းလုံရဲစခန္းတြင္ထားခဲ့၍ တခ်ိဳ႕ကို ထားဝယ္ၿမိဳ႕မရဲစခန္းသို႔ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟု ထားဝယ္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကဆိုသည္။
ထို႔အျပင္ နိုဝင္ဘာ၃၀ရက္ နံနက္ ၆နာရီ ခြဲေလာက္ခန႔္တြင္ ထားဝယ္တကၠသိုလ္ အေရွ႕တိုင္းပညာဌာန တတိယႏွစ္တြင္ပညာသင္ၾကားေနေသာ ကိုထူးျမတ္လြင္ႏွင့္အတူ ကိုစိုင္းကိုကိုထြန္း ၊ မလဝန္းျပည့္ျပည့္ထြန္း တို႔အား ေနအိမ္၌ ရွိေနၾကစဥ္ဖမ္းဆီးခံလိုက္ရသလို နိုဝင္ဘာ၂၉ ရက္ေန႔ႏွင့္ နိုဝင္ဘာ၂၇ရက္တြင္လည္း ထားဝယ္တကၠသိုလ္ သခၤ်ာ ေက်ာင္းသားေဟာင္း ကိုေကာင္းျမတ္ ၊ထားဝယ္တကၠသိုလ္ ၊ သခၤ်ာဌာန ၊ ပထမႏွစ္ေက်ာင္းသား ကိုဇင္လင္းဦး ႏွင့္ သူငယ္ခ်င္းေလးဦးတို႔အား ထားဝယ္ၿမိဳ႕၊ ေညာင္ရမ္းေတာင္ ရပ္ကြက္ေနအိမ္တြင္ ဖမ္းဆီးခံလိုက္ရသည္ဟု ထားဝယ္တကၠသိုလ္က်ာင္းသားမ်ားသမဂၢကေျပာဆိုထားသည္။