Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeArticlesထာဝရမေတ္တာ နှင့် (ဒေါ်)စံရှားတင်...

ထာဝရမေတ္တာ နှင့် (ဒေါ်)စံရှားတင် . . .

ရွှေစင်ရုပ်ဆုပိုင်ရှင် (ဒေါ်)စံရှား တင်သည် ဆရာရွှေဒုံးဘီ အောင်၏ ခေါ်ဆောင်မှုကြောင့် ရုပ်ရှင်လောကသို့ ရောက်ရှိလာသူ ဖြစ်သည်။ ၁၉၅၇ ခုနှစ်မှ အစပြု၍ ရုပ်ရှင်လောကအတွင်းတွင် ခေါင်း ဆောင်မင်းသမီး အမေခန်းဇာတ်ပို့ အဖြစ် သရုပ်ဆောင်နေရာ၊ ၁၉၉၈ ခုနှစ်ဆိုလျှင် ရုပ်ရှင်သက်တမ်း ဆယ့်သုံးနှစ် ရှိပြီဖြစ်သည်။ သက္ကရာဇ် နှစ်ထောင်ပြည့်လျှင်(ဒေါ်)စံရှားတင် ၏ ရုပ်ရှင်သက်တမ်းသည် ၄၃ နှစ် တိုင်ခဲ့လေပြီ။ ရွှေစင်ရုပ်ဆုပိုင်ရှင် (ဒေါ်)စံရှား တင်သည် ဆရာရွှေဒုံးဘီ အောင်၏ ခေါ်ဆောင်မှုကြောင့် ရုပ်ရှင်လောကသို့ ရောက်ရှိလာသူ ဖြစ်သည်။ ၁၉၅၇ ခုနှစ်မှ အစပြု၍ ရုပ်ရှင်လောကအတွင်းတွင် ခေါင်း ဆောင်မင်းသမီး အမေခန်းဇာတ်ပို့ အဖြစ် သရုပ်ဆောင်နေရာ၊ ၁၉၉၈ ခုနှစ်ဆိုလျှင် ရုပ်ရှင်သက်တမ်း ဆယ့်သုံးနှစ် ရှိပြီဖြစ်သည်။ သက္ကရာဇ် နှစ်ထောင်ပြည့်လျှင်(ဒေါ်)စံရှားတင် ၏ ရုပ်ရှင်သက်တမ်းသည် ၄၃ နှစ် တိုင်ခဲ့လေပြီ။

(ဒေါ်)စံရှားတင်သည် အဖ ဦးချုံအမ်၊ ဒေါ်ညှာတို့မှ ၁၉၃၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး သားသမီးခုနှစ်ယောက် အနက် အငယ်ဆုံးဖြစ်သည်။ ဒေါ် စံရှားတင်၏ မွေးဖွားရာဇာတိချက် ကြွေမွေးရပ်မြေမှာ စစ်ကိုင်းတိုင်း၊ က သာမြို့ဖြစ်ပြီး ခုနှစ်တန်းအထိ တက် ရောက်ခဲ့သည်။ စတင်ရိုက်ကူးခဲ့သည့် ဇာတ်ကားမှာ “ဆု”နှင့် “ချစ်မုန်တိုင်း” တို့ဖြစ်ပြီး ဇာတ်ကားကို တစ်ပြိုင် နက်ရိုက်ကူးခဲ့ရာ “ဆု” ဇာတ်ကားသည် အကြောင်းကြောင်းကြောင့် ရိုက်ရက် ကြာမြင့်သွားသဖြင့် “ချစ်မုန်တိုင်း” ဇာတ်ကားက ဦးစွာရုံတင်ပြသနိုင်လေ ရာ ဒေါ်စံရှားတင်၏ ပထမဆုံး ဇာတ်ကားသည် “ချစ်မုန်တိုင်း” ဇာတ် ကားဖြစ်လာလေ တော့သည်။ ဆက် လက်၍ ဇာတ်ကားများစွာ ရိုက်ကူးခဲ့ ရာ စုစုပေါင်းဇာတ်ကား တစ်ရာ ကျော် ရိုက်ကူးခဲ့ပြီးဖြစ်သည်။ ဒေါ် စံရှားတင်၏ ထင်ရှားသောဇာတ်ကား များမှာ- မောင်မောင်နှင့်သီသီ၊ လူလှ နှင့် ရူပ၊ ကညာပျိုနှင့် ဇရာအို၊ ရွှေလူ ဝံနှင့် ကျွန်းညိုရှင်၊ သူ၊ ချစ်တော့ ချစ်တယ်၊ ဘာလိုလို၊ ကိုယ်လိုချင် သောပန်း၊ ရင်မှာပျိုးသောပန်း၊ ထာဝရမေတ္တာ၊ ဝဏ္ဏသိင်္ဂီ၊ ကယား သဇင်ပွင့်လေလျှင်၊ ဖြစ်လေရာဘဝ ကွယ်၊ မြေ၊ မေတ္တာ ဟူသည်၊ ငိုသာငို မစိုတဲ့မျက်ရည်၊ သက်ထားရွှေဝါ၊ မုန်တိုင်းစဲလေသော်၊ ပြုံးပြုံးရွှင်ရွှင် ချစ်ပြီးရင်လဲချစ်မယ်၊ ဆောင်း၊ ချစ် သက်ကုဋေကုဋာ၊ စိမ်းနဲ့တေဇာ” တို့ ဖြစ်သည်။ ဒေါ်စံရှားတင် တွဲဖက်ခဲ့ ရသော မင်းသားများမှာ ဝင်းညွန့်၊ ဝင်းဦး၊ မောင်သင်၊ ကောလိပ်ဂျင်နေ ဝင်း၊ စိုးရွှေ၊ ညွန့်ဝင်း၊ သန်းနွဲ့၊ မောင် မောင်မြင့်၊ ဇော်ခင်၊ ကျော်ဟိန်း၊ ဆွေဗမာ ဌေးအောင်တို့ဖြစ်သည်။ လိုက်ဖက်အညီဆုံးမင်းသားမှာ ဝင်း ညွန့်ဖြစ်သည်ဟု ဆိုကြသည်။ ရုပ်ရှင် စင်မြင့်၊ သဘင်စင်မြင့်မှ ကူးပြောင်း လာသူများအနက် လုံးဝသဘင်ဟန်၊ သဘင်ငွေ့၊ သဘင်အမူအယာမပါ သော မင်းသမီးပြပါဆိုလျှင် တစ် ခေတ်မှာ တစ်ယောက်ဆိုသလို ဒေါ်စံရှားတင်ကိုသာ ညွှန်ပြရပေ မည်။ ဒေါ်စံရှားတင်သည် တစ် ဆယ့်သုံးနှစ်သမီးအရွယ် အပျိုဖော် မဝင် တဝင်တွင် သူမဇာတိကသာမြို့မှ ရွှေနန်းတင် ဇာတ်ပွဲထဲသို့ လိုက်သွားခဲ့ သည်။ ရွှေနန်းတင်ဇာတ်နှင့် ၁၈ နှစ် အရွယ်တွင် ရွှေမန်းတင်မောင်နှင့် လက်တွဲခဲ့ရာ လက်ရုံးသဖွယ်ဖြစ်ခဲ့ သည်။ ရွှေမန်းဇာတ်တွင် သုံးနှစ် သုံးမိုးကပြီးနောက် တစ်နှစ်ခန့် အနားယူခဲ့သည်။ ထို့နောက် ဆရာ ရွှေဒုံးဘီအောင်နှင့်ဆက်သွယ်မိပြီး ဆရာရွှေဒုံးဘီအောင်က “ရမ္မက်”ဆို သောဇာတ်ကား ရိုက်ကူးရန် စီစဉ်ခဲ့ သော်လည်း မရိုက်ကူးဖြစ်ခဲ့ပေ။ ထို့ နောက် ဂီတလုလင်(ဦး)မောင်ကို ကိုနှင့်တွဲမိပြီး မေမြတ်နွယ်ကို ရိုက် ကူးခဲ့သည်။ သို့သော် ပထမဆုံးဇာတ် ကားမှာ “ချစ်မုန်တိုင်း”ပင်ဖြစ်သည်။ ဒေါ်စံရှားတင်သည် ၁၉၆၆ ခုနှစ်တွင် ဒါရိုက်တာအေဝမ်းမောင်လှမျိုး၏ “ဆောင်း”ဇာတ်ကားဖြင့် ၁၉၈၃ ခုနှစ်တွင် ဒါရိုက်တာ မျိုးမြင့်အောင် ၏ “စိမ်းနဲ့တေဇာ” ဇာတ်ကားတို့ဖြင့် ထပ်ဆင့်အကယ်ဒမီဖြစ်ခဲ့သည်။  ဒေါ်စံရှားတင်သည် ထာဝရ မေတ္တာရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးခဲ့ရာ ထိုဇာတ်ကားသည်   ပခုက္ကူမြို့နောက်ခံဇာတ်ကားဖြစ်ခဲ့ ပြီး  ပခုက္ကူသားဒါရိုက်တာ ဦးဘရင် က ရိုက်ကူးထုတ်လုပ်ခြင်းဖြစ်သည်။ ဇော်လွင်၊ စံရှားတင်၊ တင်တင်လှတို့ ပါဝင်ကြသည်။ ပခုက္ကူ ရွှေချောင်း သစ်သားတံတားကြီးရိုက်ကွင်း နှစ် ကျိပ်ရှစ်ဆူဘုရားမြင်ကွင်းများ ရိုက် ကူးထားသည်။ ပခုက္ကူမြို့ကိုအခြေခံ ပြီး ထာဝရမေတ္တာဇာတ်ကားကို ဆရာရန်ကုန်ပညာရေးတက္ကသိုလ် မှာ ပညာသင်ကြားနေတုန်း ရန်ကုန် လိုက်ဟောက်ရုံ ဆုထူးပန်ရုံတွေမှာ ပြခဲ့တာပေါ့။ “၄-၁ဝ-၁၉၆၆ ခုနှစ် ဝန်းကျင်ကပေါ့။ ဆရာလည်းသွား ကြည့်ခဲ့တယ်”ဟု စာရေးဆရာ ကျော်ဝင်းဟိန်း (ဦးလှဝင်းအောင် – ပညာရေး-ငြိမ်း)က ပြောသည်။
ပခုက္ကူမြို့ကြီးတွင် ၁၉၆၆ ခုနှစ် ဝန်းကျင် ရွှေဥဒေါင်းရုံ၊ ရွှေဗဟိုရ်ရုံ၊ ဆန်းသီရိ၊ မြစန္ဒာရုံများ ရှိခဲ့သည်။ ထာဝရမေတ္တာဇာတ်ကားကို ရွှေဗ ဟိုရ်ရုပ်ရှင်ရုံပိုင်ရှင် ဦးဘရင်က ကိုယ်တိုင်ဒါရိုက်တာလုပ်၍ ရိုက်ကူး ခဲ့ကြောင်း လေ့လာသိရှိရသည်။ ထို ဇာတ်ကားသည် ဇော်လွင်ကသူကြီး သား၊ စံရှာတင်က အငြိမ့်မင်းသမီး၊ တင်တင်လှကမူ သူကြီးသားကို တစ် ဖက်သတ်ချစ်နေသူအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ အငြိမ်ကား ပျက်ရာ ဇော်လွင်က ကူညီပေးရာမှ ချစ်ကြိုက်သွားကြသည်။ သီဟိုဠ် ရှင်ဘုရားကြီး၊ ရွှေမုဌောဘုရား၊ ရွှေကူဘုရား၊ ဖောင်တော်ဦးဘုရား ရိုက်ကွင်းများလည်း ပါဝင်ထားသည်။ စံရှားတင်အား ပြန်ပေးဆွဲရာ အ နောက်ချောက်ကန် ဆိတ်ကျောင်း အဘိုးအိုမှကျန်ခဲ့သော ကလေးငယ် အား မွေးမြူစောင့်ရှောက်ခန်းများ လည်းပါဝင်သည်ဟုလည်း ကြည့်ဖူး သူများက ပြောပြကြ သည်။

ဒေါ်စံရှားတင်သည် ယနေ့ ထက်တိုင် သက်ရှိထင်ရှား ရန်ကုန် မြို့တွင် နေထိုင်လျက်ရှိရာ ရန်ကုန် ရောက် ပခုက္ကူစာပေသမားများသည် ဒေါ်စံရှားတင်အား သွားရောက်တွေ့ ဆုံသင့်ပါသည်။ ထိုခေတ်က ပခုက္ကူ အကြောင်း၊ ဇာတ်ကားအကြောင်း၊ ထာဝရမေတ္တာရုပ်ရှင်ဇာတ်ကားကြီး အကောင်းပကတိရှိ၊ မရှိ ရှာဖွေထုတ် ဖော်သင့်သည်ဟု မြင်မိပါသည်။ ပခုက္ကူမြို့ကြီးသည် ရုပ်ရှင်သမိုင်းတွင် အခန်းတစ်ခန်းမှ ပါဝင်ခဲ့ပြီး နာမည် ကျော် ဒေါ်စံရှားတင်၊ ဒေါ်တင်တင် လှ၊ ရုပ်ရှင်မင်းသားကြီး ဦးဇော်လွင် တို့ပါဝင်ခဲ့ကြပြီး ဒါရိုက်တာ၊ ထုတ် လုပ်သူ ဦးဘရင်၏ သတ္တိကို လေး စားချီးကျူးရမှာဖြစ်ပေသည်။ မကြာ ခင်ရုပ်ရှင်ပွဲတော်ကြီးကျင်းပတော့ မည်ဖြစ်ရာ ထာဝရမေတ္တာနှင့် စံရှား တင်အကြောင်းကို ဂုဏ်ယူဝမ်း မြောက်စွာ ရှာဖွေရေးသားလိုက်ရပါ ပေသည်။

 နေဦးမောင် (ပခုက္ကူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071