Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeInternationalထရမ့်၏ အစီအစဉ်ကို စိတ်တိုင်းမကျပါက...

ထရမ့်၏ အစီအစဉ်ကို စိတ်တိုင်းမကျပါက ပြည်သူ့ဆန္ဒခံယူပွဲ ခေါ်ယူသွားမည်ဟု ဇလန်းစကီးဆို

တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရာ၌ ဒွန်းဘတ်စ်ဒေသအရေးနှင့် ပတ်သက်၍ ယူကရိန်းအတွက် ပိုမိုသာလွန်သော အနေအထားတစ်ရပ်ကို မရရှိခဲ့ပါက၊ သမ္မတ ဗလာဒီမာ ဇလန်းစကီးအနေဖြင့် ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြည်သူ့ဆန္ဒခံယူပွဲ(Referendum) ခံယူသွားမည်ဖြစ်ကြောင်း Axios သတင်းဌာနက ဖော်ပြထားသည်။

ဇလန်းစကီးနှင့် ဖုန်းဖြင့် အင်တာဗျူးမှုကို ကိုးကား၍ အဆိုပါသတင်းဌာနက ရေးသားရာတွင် ဇလန်းစကီးသည် ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ထရန့်နှင့် မူဘောင်သဘောတူညီချက်တစ်ရပ် ရယူရန် စီစဉ်ထားကြောင်း သိရသည်။

“ဇလန်းစကီးက အဆိုပါအစီအစဉ်ကို ပြည်သူ့ဆန္ဒခံယူပွဲအထိ တင်ပြဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်” ဟု Axios က ရေးသားထားသည်။ “တိုးတက်မှုအများအပြား ရှိနေပြီဟု ဇလန်းစကီးက အလေးပေးပြောဆိုသော်လည်း၊ ထရန့်၏ အစီအစဉ်တွင် ယူကရိန်းအရှေ့ပိုင်း၌ နယ်မြေအလိုက်ပေးဆပ်ရမည့် နာကျင်ဖွယ်အချက်များ ပါဝင်နေဆဲဖြစ်သည်။ ဇလန်းစကီးက အဆိုပါအချက်များကို ပိုမိုကောင်းမွန်အောင် ညှိနှိုင်းရန် မျှော်လင့်နေဆဲဖြစ်ပြီး၊ အကယ်၍ နယ်မြေကိစ္စတွင် ‘ခိုင်မာသော’ အနေအထားတစ်ရပ် မရရှိခဲ့ပါက ယူကရိန်းပြည်သူများ၏ သဘောထားကို ရယူရန် လိုအပ်လိမ့်မည်ဟု ဆိုသည်။”ဟုလည်း ရေးသားထားသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဇလန်းစကီးသည် အချက် ၂၀ ပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်ကို မီဒီယာများသို့ မျှဝေခဲ့ပြီး၊ ယင်းမှာ မကြာသေးမီက အမေရိကန်၌ ပြုလုပ်ခဲ့သော ဆွေးနွေးမှုများအတွင်း အမေရိကန်ဘက်သို့ တင်ပြခဲ့သည့် အစီအစဉ်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါအစီအစဉ်တွင် ယူကရိန်းကျောင်းများ၌ ကွဲပြားသော ယဉ်ကျေးမှုများအပေါ် သည်းခံနိုင်စွမ်းရှိစေမည့် ပညာရေးအစီအစဉ်များ ထည့်သွင်းရန်၊ နယ်မြေဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ရန်၊ ဒွန်းဘတ်စ်ဒေသမှ ယူကရိန်းတပ်များ ရုပ်သိမ်းပေးရန်ကို ငြင်းဆိုရန်၊ နေတိုး (NATO) ၏ အပိုဒ် ၅ နှင့် ဆင်တူသော လုံခြုံရေးအာမခံချက်များ တောင်းဆိုရန်၊ ယူကရိန်းတွင် ငြိမ်းချမ်းရေးကာလ၌ စစ်သည်အင်အား ၈ သိန်းရှိသော စစ်တပ်ရှိရန် လိုအပ်ချက်ကို အလေးပေးရန်၊ ယူကရိန်း၏ နျူကလီးယားကင်းစင်သော အဆင့်အတန်းကို သတ်မှတ်ရန်၊ ဇာပိုရီရှား (Zaporozhye) နျူကလီးယားစက်ရုံ၏ အခြေအနေကို မှတ်တမ်းတင်ရန်၊ ဒနီပါ (Dnieper) မြစ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ရရှိစေရန်၊ သုံ့ပန်းအားလုံး အပြန်အလှန်လဲလှယ်ရန်နှင့် ယူကရိန်းတွင် သမ္မတရွေးကောက်ပွဲ ကျင်းပရန် တို့ပါဝင်သည်။

နယ်မြေဆိုင်ရာကိစ္စရပ်များနှင့် ဇာပိုရီရှား နျူကလီးယားစက်ရုံ အခြေအနေတို့နှင့် ပတ်သက်၍မူ အမေရိကန်နှင့် ယူကရိန်းကြား ယနေ့ထက်တိုင် အပေးအယူတည့်သည့် သဘောတူညီချက် မရရှိသေးပေ။

တစ်ဖက်တွင်လည်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရိုင်ဘော့ကော့ဗ် (Sergey Ryabkov) က ဇလန်းစကီး၏ အစီအစဉ်မှာ “အစီအစဉ်လို့ ခေါ်နိုင်မယ်ဆိုရင်တောင်မှ၊ ဒီဇင်ဘာလဆန်းပိုင်းကစလို့ အမေရိကန်နဲ့ ရုရှားတို့ ဆွေးနွေးနေခဲ့တဲ့ အချက် ၂၇ ချက်နဲ့ လုံးဝကို ကွဲပြားခြားနားနေပါတယ်” ဟု ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071