စစ်ကြောင့် ကစဉ့်ကလျား ဖြစ်မှုများကို ရပ်တန့်ရန်၊ ယူကရိန်းနှင့် ရုရှားတို့ ချက်ချင်း အပစ်ရပ်စဲ၍ စေ့စပ်ဆွေးနွေးကြရန် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုလိုက်ပြီးနောက် ၎င်းတို့အနေဖြင့် ထရမ့်ပ်နှင့်သော်လည်းကောင်း သူ၏ အဖွဲ့နှင့်သော်လည်းကောင်း ယခုအချိန်အထိမည်သည့်အဆက်အသွယ်မျှမရှိသေးဟု ခရမ်မလင်က တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်လိုက်သည့် စစ်ပွဲကြောင့် လူထောင်ပေါင်းများစွာ ေ-သဆုံးခဲ့ရကာ၊ သန်းနှင့်ချီ၍ စစ်ဘေးရှောင်ခဲ့ရသကဲ့သို့ မော်စကိုနှင့် အနောက်တိုင်းအကြားဆက်ဆံရေးသည် ၁၉၆၂ ခုနှစ် ကျူးဘားဒူံးကျည်အရေးအခင်းနောက်ပိုင်း အကြီးဆုံးအကျပ်အတည်းကို ပေါ်ပေါက်စေခဲ့သည်။
ထရမ့်ပ် သို့မဟုတ် သူ၏အဖွဲ့နှင့် အဆက်အသွယ်တစ်စုံတရာရှိပါသလားဆိုသည့်အမေးကို “မရှိပါဘူး၊ အခုထိ အဆက်အသွယ်မရှိသေးပါဘူး” ဟု ခရမ်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ပြောဆိုခဲ့သည်။
တနင်္ဂနွေနေ့ကသတင်း ထုတ်ပြန်ချက်တွင် ခရမ်မလင်သည် ၎င်း၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်ဟု ပက်စ်ကော့ဗ်က ပြောဆိုခဲ့သည်။
ဆွေးနွေးပွဲများအတွက် ရုရှားက လမ်းဖွင့်ထားသည်ဟု တနင်္ဂနွေနေ့တွင် ခရမ်မလင်က ပြောခဲ့သော်လည်း ယင်းသည် ၂၀၂၂ ခုနှစ် အစ္စတန်ဘူလ် သဘောတူညီချက်များနှင့် စစ်မြေပြင်ရှိ လက်ရှိ လက်တွေ့အခြေအနေများပေါ်တွင် အခြေခံရမည်ဟု ဆိုခဲ့သည်။
Ref: ယူအက်စ်နူးစ်