Monday, January 20, 2025

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည်...

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့...

ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင်...

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၆)လမ်းတွင် လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းခဲ့ကြကြောင်း...

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

ဂျေရုဆလင်၊ဇန်နဝါရီ ၁၉ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအ‌ေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်‌ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး...
HomeNewsLocal Newsထန်းတပင်မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်ရှိ ငါးအအေးခန်းတစ်ခုတွင်...

ထန်းတပင်မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်ရှိ ငါးအအေးခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မြစိမ်းရောင်စက်မှုဇုန်၊ အကွက်အမှတ် C-4 ငါးအအေးခန်းတွင် ယနေ့ နိုဝင်ဘာ (၇) ရက်၊ နံနက် အစောပိုင်း (၃)နာရီ (၃၁)မိနစ်အချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

အဆိုပါ ငါးအအေးခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းခဲ့ရာ နံနက် (၃)နာရီ (၅၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးကာ လိုအပ်သည်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ နိုဝင်ဘာ (၆)ရက်၊ နံနက် (၀၀)နာရီ (၅၈)မိနစ်အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ စက်မှုဇုန်အပိုင်း(၂) တပင်ရွှေထီးလမ်းရှိ တာယာဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ် (၁၂)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် (၁၂၀) ကျော်ဖြင့် တစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရာ နံနက် (၁)နာရီခွဲအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၂)နာရီ (၉)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ အလျားပေ (၁၈၀)၊ အနံပေ (၁၀၀)ရှိသော Steel Structure အဆောက်အအုံတွင် လုပ်ငန်းသိမ်းချိန်၌တာယာအမှုန့်ကြိတ်စက်ကို ပိတ်ထားခဲ့သော်လည်း စက်အတွင်းရှိ တာယာအမှုန့်များ အပူရှိန်ကျန်ရှိခဲ့ရာ အချိန်ကြာလာသည့်အခါ အပူချိန်မြင့်တက်လာရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

ဖြစ်စဉ်ကြောင့် တာယာအမှုန့်ကြိတ်စက် (၁) လုံးနှင့် တာယာအဟောင်းများ မီးလောင်ကျွမ်းခဲ့သဖြင့် တာယာဂိုဒေါင်ပိုင်ရှင် အသက် (၃၁) နှစ်အရွယ် အမျိုးသား တစ်ဦးကို မီးပေါ့ဆစွာသုံးစွဲမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သတင်းများအရ သိရသည်။

ထို့အတူ ယမန်နေ့ နိုဝင်ဘာ (၆)ရက်၊ ညနေ (၄)နာရီ (၄၉)မိနစ်အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၆)လမ်း အလယ်ဘလောက်ရှိ လူနေအိမ်ခန်း တိုက် (၆)လွှာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ (၅)နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ(၅)နာရီ (၆)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည် မြန်မာ နိုင်ငံအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊လုံခြုံရေးနှင့်တည်ငြိမ်ရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်သည်ဟုလည်းပြောကြားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ နှစ်ဖက်သက်ဆိုင်သူများအနေဖြင့် ရန်လိုမှုများကိုအဆုံးသတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် ဦးစားပေးလုပ်ဆောင်သင့်ပြီး သက်ဆိုင်သူများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးပြုလုပ်ရန် တောင်းဆိုသည်ဟုလည်းဆက်လက်ပြောကြားခဲ့သည်။ အာဆီယံမူဘောင်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကိုဖြေရှင်းရမည်ဖြစ်ကြောင်း မိုဟာမက်ကဆက်လက်ပြောကြားခဲ့ပြီး ဒေသတွင်းအကျိုးစီးပွားများကို စုပေါင်းကာကွယ်ရန်အရေးကြီးသည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များကြွရောက်တော်မူကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန် ကြီးဦးအေးထွန်းတက်ရောက်ကြည်ညိုပူဇော်ခဲ့သည်။ စေတိယင်္ဂဏစာလျှောက်မေးပွဲနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျောက်စိမ်းဖြင့်ထုလုပ်ထားသည့် အချင်း ၃၀ လက်မ၊ ထု ၃ လက်မခွဲ အရွယ်ရှိ "စေတိယင်္ဂဏစာလျှောက်မေးပွဲတံဆိပ်တော်"၊ ကျောက်စိမ်းအနက်ဖြင့် ထုလုပ်ထားသော အချင်း ၂၇ လက်မ၊ ထု ၈ လက်မခွဲ"အောင်မောင်းကြီး"(၁)လုံးနှင့် အချင်း...

ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၆)လမ်းတွင် လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းခဲ့ကြကြောင်း မြို့ခံများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည (၁၀)နာရီ (၂၅)မိနစ်အချိန်ခန့်က ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ရာ ည (၁၀)နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071