အီလွန်မတ်စ်သည် တွစ်တာပေါ်တွင် ကုမ္ပဏီ၏ စီအီးအို ရာထူးမှ နုတ်ထွက်သင့် မသင့် မေးမြန်းသည့် လူထုသဘောထား စစ်တမ်းတစ်ခုကို ဒီဇင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့တွင် စတင်ကောက်ယူခဲ့ပြီး ထိုစစ်တမ်း၏ ရလဒ်ကို တစ်သွေမတိမ်း လိုက်နာသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စစ်တမ်းကို မြန်မာစံတော်ချိန် တနင်္လာနေ့ ည ၅ နာရီ ၅ မိနစ်ခန့်တွင် ပိတ်သိမ်းသွားမည်ဖြစ်ပြီး တွစ်တာအသုံးပြုသူတိုင်း သွားရောက်မဲပေးနိုင်သည်။
သို့ရာတွင် အီလွန်သည် စစ်တမ်း၏ ရလဒ်အရ ရာထူးမှ ဆင်းပေးရမည် ဆိုပါက မည်သည့်အချိန်တွင် ဆင်းပေးမည်ဆိုတာကိုမူ အသေးစိတ်ဖော်ပြထားခြင်း မရှိသေးပေ။
စစ်တမ်း စတင်ကောက်ယူပြီးနောက်ပိုင်း တွစ်တာ အသုံးပြုတစ်ဦး၏ တွစ်တစ်ခုကို အကြောင်းပြန်ခဲ့ရာတွင် အီလွန်က ယခုအချိန်အထိ သူ့အစား စီအီးအို နေရာကို ဆက်ဆံမည့်သူ မရှိသေးကြောင်း ရေးသားခဲ့သည်။
အီလွန်က တွစ်တာတွင် အားစိုက်ထုတ်နေရသည့် သူ၏အချိန်ကို လျှော့ချရန်အတွက် ခေါင်းဆောင်အသစ် ရှာဖွေသွားမည်ဟုလည်း ပြီးခဲ့သည့်လက ဒဲလ်ဝဲလ်မြို့ တရားရုံးတွင် ပြောကြားခဲ့သည်။
Source: CNA
