Friday, May 23, 2025

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...
HomeCelebrities' Newsတခြားနိုင်ငံကသူတွေကို သိပ်အထင်မကြီးနဲ့လို့ မြန်မာလူငယ်တွေအတွက်...

တခြားနိုင်ငံကသူတွေကို သိပ်အထင်မကြီးနဲ့လို့ မြန်မာလူငယ်တွေအတွက် အားပေးစကားပြောလိုက်တဲ့ အောင်လအန်ဆန်း

အောင်လအန်ဆန်းက သြဂုတ် လ ၁ဝ ရက်နေ့မှာ အမေရိကကို ပြန် သွားပါပြီ။ ချန်ပီယံတစ်ယောက်ဆိုတော့ သူ့ကို စိန်ခေါ်မယ့် Fighter တွေကလည်း အများသား။ ဒါတွေအတွက် ကြိုတင်လေ့ကျင့်မှုတွေ ပြု လုပ်ရဦးမယ်လေ။

”ကျွန်တော် သြဂုတ် ၁ဝ ရက်နေ့ ပြန်ပြီ။ Trainning Camp ပြန်ဝင်ပြီ။ ဒီနှစ်မကုန်ခင် တစ်ပွဲရှိသေးတယ်”လို့ မြန်မာ့စပါးအုံးက ပေါ်ပြူလာနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပြသွားတာဖြစ်ပါတယ်။ အောင်လရဲ့ ရည်မှန်းချက်က …

”ဒီ Middleweight Champion ကို အကြာကြီးရှိအောင်လို့ ကျွန်တော်ကြိုးစားချင်တယ်”လို့ အောင်လက ရိုးရိုးသားသားပြောပြပါတယ်။ ဒီတစ် ခေါက်တော့ ကုလားကားလို မရှည်ချင် မရှည်ပါနဲ့တော့၊ သွေးထွက်သံယိုများများ မဖြစ်ရင်ဘဲ ပရိသတ်က ကျေနပ်နေကြတာပါလို့ဆိုတော့ သူက ရယ်ပါတယ်။

”အကောင်းဆုံးဆိုပြီး ကျွန် တော်စီစဉ်မယ်။ နောက်ဆိုရင် ပိုမြန်မြန်ကစား နိုင်အောင် ကျွန်တော် ကြိုးစားမယ်” လို့ အောင်လက ဆိုပါတယ်။ ဟိုမှာ ဇနီးနဲ့ သားလေးက စောင့်ကြိုနေမှာပေါ့။ သူတို့အကြောင်းကိုလည်း မေးဖြစ်သေးတဲ့ အခါ …

”ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကို မအောင်မြင်ခင်အချိန်ကတည်းက အားပေးတယ်။ နာမည် မရှိခင် အချိန် ကတည်းက ကူညီတယ်။ ကျွန်တော် ငွေရေးကြေးရေးအခက်အခဲဖြစ်နေတဲ့အချိန်မှာလည်း ကူညီပေးတယ်။ အမြဲတမ်း Support ပေးတယ်။ ကျွန်တော် အဲဒါကို ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော့်သားကလည်း ဒီအားကစားကို ဝါသနာ ပါတယ်။ သူက ထိုးကြိတ်တာတွေ၊ ကန်တာတွေ ဝါသနာပါတယ်” လို့ အောင်လက ပြောပါတယ်။ အမေရိကကို မပြန် ခင် ရက်ပိုင်းအတွင်း အောင်လက ဖိုးသော်ရဲ့Team PT Club မှာ သူ့ရဲ့ ပညာတွေ မျှဝေပေးခဲ့ပါသေးတယ်။

”ကိုဖိုးသော်က ကျွန်တော့်ရဲ့ သူငယ်ချင်းပါ။ ကျွန်တော့်ရဲ့ MMA ပညာကို ဝေပေးရတဲ့အတွက် တအားဝမ်းသာ တယ်။ ကျွန်တော်က ပညာယူတယ်ဆိုတာ သူများကို ပြန်ဝေငှဖို့ယူတာပါပဲ။ အဲဒီတော့ ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ကျောင်းသားတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဝေငှပေးရတဲ့အတွက် ကျွန်တော်ပျော် ပါတယ်”လို့ ဆိုတဲ့ အောင်လကို MMA မှာ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေ ထပ်မံပေါ် ပေါက်လာခဲ့ရင် ကောင်းမှာပေါ့နော်၊ ကိုအောင်လရဲ့အမြင်ကကောလို့ ဆိုတော့ …

”ဟုတ်တာပေါ့။ သေချာပေါက်ပဲလေ။ ပိုပြီးတော့ ဝါသနာပါမှ ဒီလို မျိုးကစားဖို့ဖြစ်မှာ ပေါ့နော်။ နောက်ဆိုရင် ကျွန်တော့်ထက်ပို ကျွမ်းကျင်တဲ့ ကလေးတွေလာမယ်။ အဲဒီလို ဖြစ်အောင်ဆိုပြီး ကျွန်တော် ကြိုးစားပေးမယ်။ အားလုံးကို”လို့ သူက ပြောပြပါတယ်။ ကိုအောင်လ အထက်ဘက်တွေ တောက်လျှောက် ခရီးထွက်ခဲ့သေးတယ်နော်လို့ဆိုတော့ …

”ကျွန်တော် တအား ဂုဏ်ယူတယ်။ ကျွန်တော် ဒီ့ထက်ပိုပြီး အောင်မြင်နိုင်အောင်လို့ ပိုပြီးဂုဏ်ယူနိုင်အောင်လို့ ကျွန်တော်ကြိုးစားမယ်။ ကျွန်တော့်ရဲ့ တောင်သူဦးကြီးတွေနဲ့ ပုဂံ၊ မန္တလေး၊ ရှမ်းပြည်အနှံ့ ရောက်ခဲ့ရလို့ ကျွန်တော်ကျေးဇူးတင်တယ်။ တအားပျော်တယ်။ အားလုံးကိုလည်း ကျွန်တော်တအားကျေးဇူးတင်တယ်” လို့ ပြောပါတယ်။ မြန်မာလူငယ်တွေအတွက် ခွန်အားဖြစ်စေမယ့် စကားတစ်ခွန်းလောက် ပြောပေးပါလို့ဆိုတော့ …

”ကိုယ်ဝါသနာပါတဲ့နေရာမှာ ကြိုးစားပါ။ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီးတော့ ပညာယူမယ်ဆိုရင် အောင်မြင်မှုရလိမ့် မယ်။ အားပေးချင်တာက တခြားနိုင်ငံက သူတွေကို သိပ်အထင်မကြီးပါနဲ့နော်။ ကိုယ်ကြိုးစားမယ်၊ ကိုယ်အားစိုက် မယ်ဆိုရင် ဘာမဆို အောင်မြင်နိုင်တယ်။ အချိန်ပေးနိုင်တာက အရေးကြီးဆုံးပါပဲ။ အချိန်ပေးပြီးတော့ ကြိုးစား မယ်ဆိုရင် ဘာမဆိုအောင်မြင်နိုင်တယ်” လို့ အောင်လအန်ဆန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071