Tuesday, April 28, 2026

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး...

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး...

MAI နှင့် KBZMS တို့ပူးပေါင်း၍...

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း)...

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ်...

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကိုအကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ပြောသည်။ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၇...
HomeMoviesတံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးမြို့သို့...

တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ရန်အတွက် ဒုဋ္ဌဝတီ တံတားတည်ဆောက်ပြီးစီးရန်လို

၂၀၂၆ ခုနှစ် ကုန်မတိုင်မီ ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်

ရန်ကုန်-မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတား (ပေ ၁၀၀၀) အသစ်ပြန်လည်တည်ဆောက်နေခြင်းဖြစ်ပြီး တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ရန်အတွက် ဒုဋ္ဌဝတီ တံတားတည်ဆောက်ပြီးစီးရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် တံတားပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး – ပလိပ်လမ်းမှ တစ်ဆင့်ပတ်၍ မန္တလေးမြို့သို့ သွားလာနေရသောကြောင့် လေးလမ်းသွား တံတားဆောင်ရွက်နေခြင်းတွင် အပြန်လမ်းဘက်မှ နှစ်လမ်းသွားတံတားကို ၂၀၂၆ ခုနှစ် ကုန်မတိုင်မီ ပြီးစီးအောင်တွန်းအားပေးဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ယမန်နေ့ က ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် မန္တ‌လေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင် နှင့် တာဝန်ရှိသူများသည့် ရန်ကုန် – မန္တလေး အမြန်လမ်းရှိ ဒုဋ္ဌဝတီတံတား အသစ်ပြန်လည်တည်ဆောက်ခြင်းနှင့် လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်နေသည့်အခြေအနေ ကြည့်ရှုစစ်ဆေးခဲ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

တံတားတည်ရှိသည့် နေရာသည် ပြင်းထန်သည့် လှုပ်ခါမှုကြောင့် အစိုင်အခဲမှ ရွှံ့ညွန်ကဲ့သို့ ဂုဏ်သတ္တိပြောင်းလဲခြင်းဖြစ်စဉ် (lique- faction) ဖြစ်နိုင်ခြေများသော မြေအမျိုးအစားဖြစ်သောကြောင့် လိုအပ်သည့် တွက်ချက်မှုများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ တံတားပြီးစီးသည်နှင့် တစ်ပြိုင်တည်း ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်း လွယ်ကူချောမွေ့စွာသွားလာနိုင်ရန်အတွက် လမ်းတစ်လျှောက်ရှိ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဟန်ချက်ညီစွာပြီးစီးစေရေး လမ်းပိုင်းအလိုက် တာဝန်ခံများနှင့် ညွှန်ကြားရေးမှူးချုပ်တို့က စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေး

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကျေးလက်နေအမျိုးသမီးများအတွက် ဦးစားပေးစီမံကိန်းများ ရေးဆွဲထားပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေး၊ အမျိုးသမီးများ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေးနှင့်...

MAI နှင့် KBZMS တို့ပူးပေါင်း၍ Travel Protect Insurance (ခရီးသွားအာမခံ)စတင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ ပိုအကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ်ပျောက် ဆုံးခြင်း/ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့် ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန်တာဝန်ရှိမှု၊ မတော်တဆမှုကြောင့်သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းတို့အတွက် အကာ အကွယ်ပေးနိုင်မည်ဖြစ်သည်။ " ကျွန်တော်တို့က ခရီးသည်တွေအတွက်ပိုမိုကောင်း မွန်တဲ့ခရီးသွားဝန်ဆောင်မှုတွေ မြှင့်တင်ပေးနိုင်ဖို့အတွက် KBZMS နဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပါတယ်"ဟု MAI ၏ CEO...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း) လူမှုဖူလုံရေးအဖွဲ့က လူနာ(၁,၁၄၆,၆၈၅)ဦးကိုကုသပေးခဲ့ပြီး ဆေးဖိုးပြန်အမ်းမှု(၇၇,၈၀၇)မှုအ တွက် ငွေကျပ်(၇,၉၇၄ ဒသမ ၃၉၆)သန်းကိုပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဖူလုံရေးအဖွဲ့က ရန်ကုန်တိုင်းရှိ အာမခံအလုပ်သ မားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ် သမားဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ(ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီးဆေးခန်း(၂၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း(၅)ခန်းတို့ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသည့် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)အား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071