ကွယ်လွန်သူ တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို ခွင့်ပြုချက်မရှိဘဲ သီဆိုခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန် ဇနီးဖြစ်သူက နိုင်ငံပိုင်သတင်းစာများမှတဆင့် ဖေဖော်ဝါရီ (၁၇)ရက်တွင် အသိပေးကြေညာသည်။
တေးသံရှင် မာရဇ္ဇ၏ ရုပ်ပုံလွှာနှင့် တေးသီချင်းများကိုဖြစ်စေ၊ တစ်စိတ်တစ် ဒေသကို ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသုံးမပြုရန် အသိပေးထားပြီး အသိပေးထားသည်ကို လိုက်နာခြင်းမရှိပါက ပြုလုပ်သူအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ဇနီးဖြစ်သူက ကြေညာထားခြင်း ဖြစ်သည်။
အဆိုတော် မာရဇ္ဇသည် ဇန်နဝါရီ (၂၃) ရက် ညပိုင်းက နာတာရှည်ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။
အဆိုတော် မာရဇ္ဇသည် ရန်ကုန်မြို့ ဗဟိုရ်စည်ဆေးရုံ၌ ကွယ်လွန်သွားခြင်းဖြစ်ကာ မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ဝေးဝေးကလွမ်း၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင် စသည့် သီချင်းများသည် လူငယ်များအကြား စွဲလမ်းခဲ့ရသည့် သီချင်းများလည်း ဖြစ်သည်။