တော်ဝင်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ အောက်ဆီဂျင်စက်ရုံတွင် ဩဂုတ်လ ၁၂ရက်နေ့စပြီး အောက်ဆီဂျင်တွေကို မနက် ၆နာရီမှ ညနေ ၆နာရီအတွင်း လာရောက်တန်းစီပြီး အခမဲ့ထုတ်ယူနိုင်တယ်လို့ တော်ဝင်ဖောင်ဒေးရှင်းက အသိပေးကြေငြာထားပါတယ်။
10L, 15L,20L အိုးတွေကို အောက်ဆီဂျင်ဖြည့်ပေးမှာဖြစ်ပြီး အိုးအလွတ်တွေကိုပါ တပါတည်း ယူဆောင်လာဖို့ကိုလည်း အသိပေးထား ပါတယ်။
တော်ဝင် ဖွံဖြိုးရေးဖောင်ဒေးရှင်းမှ ကိုဗစ်လူနာတွေရဲ့ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် ၁နာရီကို အောက်ဆီဂျင် ၁၆၀လီတာ ထုတ်လုပ်နိုင်တဲ့ အောက်ဆီဂျင် plant ၁ လုံးနှင့် ၁နာရီလျှင် ၄၀၀လီတာ ထုတ်လုပ်နိုင်တဲ့ အောက်ဆီဂျင် plant 50 ကုဗမီတာ ၁ လုံးတို့ကို မှာယူခဲ့ပါတယ်။
ဩဂုတ်လ ၈ရက်နေ့မှာတော့ ၁နာရီလျှင် အောက်ဆီဂျင် ၁၆၀လီတာ ထုတ်လုပ်နိုင်တဲ့အောက်ဆီဂျင် Plant ရန်ကုန်သို့ရောက်ရှိလာကာ တပ်ဆင်ပြီးနောက် ဩဂုတ်လ ၁၂ရက်နေ့က စပြီး အောက်ဆီဂျင်တွေကို ဖြန့်ဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်။
အောက်ဆီဂျင် လာရောက်ဖြည့်သွင်းလိုသူတွေ အနေနဲ့ သတ်မှတ်ချိန်အတွင်း အမှတ် ၆/၈၊ စကားဝါလမ်း၊ ဒဂုံမြိုနယ်၊ တော်ဝင် စင်တာ အနီးသို့ လာရောက်တန်းစီထုတ်ယူနိုင်ပြီး hot line နံပါတ် ၀၉-၇၇၁၀၉၇၇၉၇ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
တော်ဝင် ဖွံဖြိုးရေးဖောင်ဒေးရှင်းမှ အောက်ဆီဂျင်တွေကို အခမဲ့ ဖြည့်သွင်းပေးတာဖြစ်တာကြောင့် ဖောင်ဒေးရှင်းဘက်မှ ဝန်ထမ်းတွေ အနေနဲ့ မရိုးမသားမှု၊ ငွေကြေးကောက်ခံမှု များပြုလုပ်ပါက ဖုန်းနံပါတ် ၀၉-၄၅၀၇၇၇၈၀၇ နှင့် ၀၉-၄၅၀၇၇၇၈၁၇ တို့ကို ဆက်သွယ် တိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။