မြောက်ကိုရီးယားအစိုးရသည် တောင်ကိုရီးယားအစိုးရဖက်မှ အထူးရေဒီယိုလိုင်းမှတစ်ဆင့် ခေါ်ဆိုမှုကို ပြန်လည်ဖြေကြားပြောဆိုပေးခဲ့ကြောင်း၊ ယင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်က နှစ်နိုင်ငံအပြန်အလှန်ဆက်သွယ်ရေးကို ပြန်လည်ထူထောင်ခဲ့ပြီးနောက် နှစ်နိုင်ငံအစိုးရချင်း ပထမဆုံးအပြန်အလှန်ဆက်သွယ်ပြောဆိုခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတို့ကို ကိုးကား၍ တောင်ကိုရီးယားနိုင်ငံအခြေစိုက် ယွန်ဟပ် သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။
ပြီးခဲ့သည့်လ နောက်ဆုံးရက်သတ္တပတ်တွင် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ၊ စစ်ဖက်ဆိုင်ရာ အထူးဆက်သွယ်ရေးလိုင်းလည်းအပါအဝင်ဖြစ်သည်။ အဆိုပါဆက်သွယ်ရေးလိုင်းများကို လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်က မြောက်ကိုရီးယားဖက်မှ အဆက်အသွယ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
Ref: DPRK answers ROK’s calls via radio hotline
Photo: Yonhap