မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တောင်သူများ အဓိကသုံးစွဲနေသော မြေဩဇာအမျိုးအစား (၂)မျိုးအတွက် ရည်ညွှန်းဈေးများ သတ်မှတ်ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွက် လက်ကားရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ၉၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၁၅,၀၀၀ ကျပ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုသတ်မှတ်ထားသည့် ဈေးနှုန်းများသည် ရန်ကုန်အထိုင် လက်ကားဈေးများဖြစ်ပြ ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်ပေါ်မူတည်ကာဈေးနှုန်းအနည်းငယ် ကွာခြားမှု ရှိနိုင်ကြောင်း၊ မြေဩဇာများကို ရည်ညွှန်းဈေးနှင့်အညီ ရောင်းချခြင်းမပြုပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း မြေဩဇာတန်ချိန် ၁ သိန်းခွဲ ကျော်တင်သွင်းထားကြောင်း သိရသည်။
