Saturday, May 24, 2025

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း...

အီတလီသံရုံးနှင့် AWBA Group တို့...

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ...
HomeNewsLocal Newsတောင်သူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ၊အသက်ကိုအာမခံဖို့လိုအပ်​နေဆဲအ​ခြေအ​နေများ

တောင်သူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ၊အသက်ကိုအာမခံဖို့လိုအပ်​နေဆဲအ​ခြေအ​နေများ

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကန်ဆွယ်ကျေးရွာတွင် တောင်ယာလုပ်ကိုင်သူတစ်ဦး မတ် ၂ ရက်နံနက်ပိုင်းက နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့နံနက် ၉ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၅ ဦးမှ မြင်းခြံမြို့နယ်၊ကန်ဆွယ်ကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ကိုစိန်မန်း(ခ)ကိုငယ်(၃၁)နှစ်၏ နေအိမ်သို့ရောက်ရှိလာခဲ့ကြသည်။

ထို့နောက် နေအိမ်၌ရှိနေသည့် ကိုစိန်မန်း(ခ)ကိုငယ်အား သေနတ်ဖြစ်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြရာ ကိုစိန်းမန်း(ခ)ကိုငယ်မှာ ဦးခေါင်းငယ်ထိပ်တွင်ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေဆုံးသွားတဲ့လူက တောင်ယာလုပ်ငန်းလုပ်တဲ့လူပါ။ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေးရာ USA-380 Auto ကျည်ခွံ ၁ ခုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လူသတ်မှုများ၏အ​ကြောင်းရင်းများမှာ ကွဲပြားနိုင်​သော်လည်း လူ​တွေ၏ စိတ်ခံစားမှု ထိမ်းချုပ်နိုင်စွမ်း​လျော့လာ​သော​ကြောင့်သာ ဖြစ်ရပ်ဆိုးများ ကြားသိ​နေရခြင်းဖြစ်သည်။အသက်ကိုရင်း၍ သွားလာ ​နေရ​သောသူများအဖြစ်က​နေ အသက်အာမခံရှိ​သော အ​ခြေအ​နေတရပ်ဆီသို့ အားလုံး၏ နှစ်သိမ့်​ဆွေး​နွေးအကြံပြုခြင်းများ၊အ​ခြေ​အနေ​ကောင်းများဝိုင်းဝန်းတည်​ဆောက်ဖို့လိုအပ်​နေဆဲဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင် မွန်းလွဲ ၁ နာရီခန့်က ရဟတ်ယာဉ်ပျ-က်ကျကာ မီးတောက်လေ-ာင်ခဲ့ခြင်းဖြစ်ပြီး မီးသ-တ်သမားများနှင့် ကယ်ဆယ်ရေးသမားများက မီးငြှိမ်းသတ်ပေးခဲ့သည်။ ဖြစ်စဉ်တွင် ပိုင်းလော့နှစ်ဦးနှင့် စက်ပြင်ဆရာတစ်ဦးတို့ ‌ေ-သဆုံးခဲ့သည်ဟု ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဖေ့စ်ဘုတ်ပေ့ချ်တွင် ဖော်ပြခဲ့ပြီး လေထီးခုန်ထွက်ခဲ့သူ၏ အခြေအနေကိုမူ မသိရသေးပေ။ အဆိုပါရဟတ်ယာဉ်သည် ကန်ချနာဘူရီရဲတပ်ဖွဲ့ လေကြောင်းရဲဌာနမှ ဘဲလ် ၂၁၂ အမျိုးအစားရဟတ်ယာဉ်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ရဟတ်ယာဉ်...

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော လေပိုင်နက်အသုံးပြုခွင့်ဆိုင်ရာ သတိပေးချက်(NOTAM) အရ ပိ-တ်ပင်မှုသည် အိန္ဒိယတွင် မှတ်ပုံတင်သော၊ အိန္ဒိယလေကြောင်းလိုင်းများနှင့် အော်ပရေတာများက ပြေးဆွဲသော၊ ပိုင်ဆိုင်သော သို့မဟုတ် ငှားရမ်းထားသော လေယာဉ်အားလုံးနှင့် သက်ဆိုင်သည်ဟု ဆိုသည်။ လေပိုင်နက် အသုံးပြုခွင့် ပိ-တ်ပင်မှုသည် ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်အထိ အာဏာ သက်ရောက်မည်ဖြစ်သည်။ အဆိုပါတားမြစ်ချက်ကို ၂၀၂၅...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဂီတရံပုံငွေပွဲတွင် ဇော်ပိုင်၊ ဝေလ၊ ဂျီလတ်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ စိုးထက်(ဝါဆို)၊ ချောစုခင်၊ အိမ့်ချစ်၊ ဂျူဝယ်၊ ကေကေမိုး၊ ချမ်းမြေ့မောင်ချိုအပါအဝင် အခြားအဆိုတော်များအားဖြည့်၍ MC နှင့် Mystery Band Mandalay တေးဂီတဝိုင်းတော်သားများက အားဖြည့်ကူညီတီးခတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတရံပူံငွေပွဲအား Main Sponsor အဖြစ် ထိပ်တန်းရွှေဘုရင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071