Friday, January 17, 2025

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး...

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း...

သံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန် ဆောင်ရွက်နေ

တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်း သံရည်ကျို အလုပ်ရုံကြီး...

ငွေလိမ်ဂိုဏ်းများ၏သားကောင်များကိုကယ်တင်မည်–တရုတ်

မြန်မာနိုင်ငံအပါအဝင်နိုင်ငံများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် ဖြားယောင်းသိမ်းသွင်းခံခဲ့ရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရန် တရုတ်နိုင်ငံက အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် နေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ပြည်ပငွေလိမ်ဂိုဏ်းများသည်...

မြန်မာနေရှင်နယ်လိဂ် -၂ သို့ တန်းတက်ကစားခွင့်ရရှိမည့်...

မြန်မာနေရှင်နယ်လိဂ် -၂ သို့ တန်းတက်ကစားခွင့်ရရှိမည့် MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်လိဂ်ကော်မတီထံမှ သိရသည်။ ပြိုင်ပွဲကို...
HomeNewsLocal Newsတောင်သူတစ်ဦးလျင် အများဆုံးကျပ်သိန်း ၇၀၀...

တောင်သူတစ်ဦးလျင် အများဆုံးကျပ်သိန်း ၇၀၀ အထိချေးယူနိုင်သည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး (၂)ဆင့်ချေးငွေများလျှောက်ထားနိုင်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တောင်သူတစ်ဦးလျင် အများဆုံးကျပ်သိန်း ၇၀၀ အထိချေးယူနိုင်သည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံဖြိုးရေး နှစ်ဆင့်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပြီး တောင်သူများအနေဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ချေးငွေမှာ လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊စားသောက်ကုန်ထုတ်လုပ်သည့် စက်များဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်/ပြုပြင်/မွမ်းမံခြင်းတို့အတွက် အရင်းအနှီးလိုအပ်သည့်တောင်သူများအား ထုတ်ချေးပေးခြင်း ဖြစ်သည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများအား (၁) နှစ်လျှင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် တောင်သူတစ်ဦးလျင် အများဆုံး ကျပ်သိန်း (၇၀၀)၊တောင်သူအစုအဖွဲ့ တစ်ဖွဲ့လျင်အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ချေးငွေပြန်လည် ပေးဆပ်ရာတွင်လည်း ထော်လာဂျီ၊ လက်တွန်းထွန်စက် ချေးငွေအတွက် (၃) နှစ် (၃) ရစ်မှအပ ကျန်စက်ကိရိယာများအတွက် (၅) နှစ် (၅) ရစ်ပေး ဆပ်ရမည်ဖြစ်သည်။

ထို့ကြောင့် ချေးငွေရယူလိုသည့် တောင်သူများအနေဖြင့် နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့်ဆက်သွယ်၍ ချေးငွေအတွက် တင်သွင်းရမည့်အာမခံနှင့် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို စုံစမ်းမေးမြန်း၍ ချေးငွေလျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် ချေးငွေနှင့်ပတ်သက်၍ သိရှိလိုသည်များအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊အ မှတ်၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့၊ဖုန်း- ၀၁၈၃၉၁၂၃၅ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြော

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြောကြားသည်။ "အများကြီး မျှော်မှန်းထားတယ်။ ဒီပွဲအောင်မှလည်း ကျွန်တော်တို့ အဆင်ပြေမှာပေါ့နော်။ အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်။ နောက်ပွဲတွေကို အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီလို (ဗီယက်နမ်ပွဲစဉ်)ဖြစ်သွားတဲ့အတွက်လည်း အားနာပါတယ်။ နောက်ပွဲတွေဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် "ဟု မြန်မာအမျိုးသမီးဖူဆယ်အသင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင်က ပြောသည်။ မြန်မာလက်ရွှေးစင် အမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ဇန်နဝါရီ (၁၅)ရက်က ဗီယက်နမ်အသင်းဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားကြရာ၌...

သံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန် ဆောင်ရွက်နေ

တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်း သံရည်ကျို အလုပ်ရုံကြီး (၃)ရုံကို လည်ပတ်နိုင်ရန်လည်း ပြည်ပနိုင်ငံများနှင့် စာချုပ်ချုပ်ဖို့ ညှိနှိုင်းနေကြောင်းလည်း သိရသည်။ လက်ရှိတွင် အမှတ်(၂)သံမဏိ စက်ရုံ (ပင်းပက်)၌ သံရည်ကျို မည့်စက်ရုံအပါအဝင် အလုပ်ရုံခွဲ (၂၂) ရုံရှိနေပြီး ယင်းအနက် အလုပ်ရုံ (၁၉)ရုံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့ကပင် စမ်းသပ်လည်ပတ်နေကြောင်း သိရသည်။ ကျန်ရှိသည့် သံရည်ကျို(၃)ရုံသာ လည်ပတ်နိုင်ပါက...

ငွေလိမ်ဂိုဏ်းများ၏သားကောင်များကိုကယ်တင်မည်–တရုတ်

မြန်မာနိုင်ငံအပါအဝင်နိုင်ငံများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် ဖြားယောင်းသိမ်းသွင်းခံခဲ့ရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရန် တရုတ်နိုင်ငံက အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် နေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ပြည်ပငွေလိမ်ဂိုဏ်းများသည် မြင့်မားသောလစာ၊ အစားအစာ၊ နေရာထိုင်ခင်းနှင့် လေယာဉ်လက်မှတ်များ စီစဉ်ပေးမည်ဆိုသော ကတိကဝတ်များဖြင့် တရုတ်နိုင်ငံသားများကို လိမ်ညာလှည့်ဖြားကာ ထိုင်းနိုင်ငံနှင့် နယ်စပ် မြန်မာနိုင်ငံ မြဝတီမြို့ကဲ့သို့ မြို့များရှိ တယ်လီကွန်အလိမ်အညာလုပ်ငန်းများတွင် ၎င်းတို့ကို ပိတ်မိနေစေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ စီစီတီဗီက ဖော်ပြခဲ့သော သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားထားသည်။ ဇန်နဝါရီလအစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် ပြန်လည်တွေ့ရှိကယ်တင်နိုင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071