Sunday, July 13, 2025

ပြည်တွင်း၌စက်မှုဇုန်(၂၈)ဇုန်တည်ထောင်ထားပြီး လုပ်သားပေါင်း(၅)သိန်းခွဲကျော် အလုပ်အကိုင်ရရှိနေ

ပြည်တွင်း၌စက်မှုဇုန်(၂၈)ဇုန် စက်မှုရပ်ကွက်(၅)ခု နှင့်ဆောင်ရွက်ဆဲ စက်မှုဇုန် စီမံကိန်း(၂)ခုရှိပြီး တည်ထောင်ပြီး စက်မှုဇုန်(၂၈)ဇုန်တွင် လုပ်သားပေါင်း(၅၅၆ ၀၀၉) ဦးကို အလုပ်အကိုင် အခွင့်လမ်းများ ဖန်တီးပေးထားကြောင်း...

စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေသောမုံရွာချင်းတွင်းဆိပ်ကမ်းတလျောက်မျက်ခြေမပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေသော စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ချင်းတွင်းမြစ် ဆိပ်ကမ်းတလျောက်ရှိ ရေသွင်းရေထုတ်ရေတံခါးများ၊ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိရေးအတွက် မျက်ခြည်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ ချင်းတွင်းမြစ်ရေ အမှတ်သည် ဇူလိုင်လ(၁၂)ရက် နေ့လယ်ပိုင်းအချိန်...

လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီ

KNPP ၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များထိန်း ချုပ်ထားသည့် မိုးဗြဲမြို့နှင့် ဝါရီကောခူကျေးရွာနှင့် ဆောင်ကန်း(ကယား)ကျေးရွာတို့အား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ကုန်စည်စီးဆင်းမှုတွင်အရေးပါသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း...

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...
HomeNewsLocal Newsတောင်ပြုံးပွဲတော်ကို (၈) ရက်ကြာကျင်းပမည်

တောင်ပြုံးပွဲတော်ကို (၈) ရက်ကြာကျင်းပမည်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့် ဆုတောင်းရဘုရား ဗုဒ္ဓပူစနိယပွဲတော် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲနှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း (၈) ရက်မှ (၁၅) ရက်အထိ (၈) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဆုတောင်းပြည့်ဆုတောင်းရ ဂေါပကအဖွဲ့ထံမှ သိရသည်။

” အခုကတော့စီစဉ်နေတုန်းပါပဲ။ လူကတော့ သုံးပုံ ပုံရင် တစ်ပုံလောက်တော့ လာကြပါတယ်။ ပွဲကလည်း ကိုဗစ်ကာလမှာ အဆက်ပြတ်သွားတာကြောင့်လည်း ပါတယ်။ အခုလက်ရှိကတော့ ဈေးဆိုင်ခန်းတွေ ဈေးရောင်းချဖို့အတွက် စီစဉ်နေတယ်။ အစည်းအဝေးကလုပ်တုန်းပါ” ဟု ကျင်းပရေးကော်မတီ၊ ဆုတောင်းပြည့်ဆုတောင်းရ ဂေါပကအဖွဲ့တောင်ပြုံးကြီးရွာမှ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။

မြန်မာနိုင်ငံ၌ အထင်ရှားဆုံး ပွဲတော်များအနက် တစ်ခုဖြစ်ပြီး တောင်ပြုံးရွာ၏ တောင်ပြုံးနတ် မင်းနှစ်ပါးကို နှစ်စဉ် ပူဇော်ပသသောအနေဖြင့် ကျင်းပကြခြင်းဖြစ်သည်။

သို့သော် တကယ့်ပွဲတော်မှာ အနော်ရထာမင်းတည်ထားခဲ့သော ဆုတောင်းပြည့်ဘုရားနှင့် နောက်ပိုင်းမှ တည်ဆောက်ထားသော ဆုတောင်းရ ဘုရားပွဲတော်ဖြစ်သည်။

ဘုရားပွဲတော်ကို နှစ်ရက်တာကျင်းပကြကာ ဝါခေါင်လဆန်းရှစ်ရက်မှ ဆယ်ရက်အထိကျင်းပကြပြီး တစ်ချိန်တည်းတွင်ပင် ဘုရားပွဲနှင့်အတူ နတ်ပွဲကိုလည်း ကျင်းပကြောင်း သိရသည်။

တောင်ပြုံးပွဲသည် နိုင်ငံ၏ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် အလွန်စည်ကားလျက်ရှိပြီး ရိုးရာဓလေ့တစ်ခုစီကို တစ်ရက်စီ၌ ကျင်းပကြကာ ပွဲတော်ရက်အတွင်း နတ်ကနား(အက)သည် ပွဲတော်၏ အဓိလက္ခဏာဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း၌စက်မှုဇုန်(၂၈)ဇုန်တည်ထောင်ထားပြီး လုပ်သားပေါင်း(၅)သိန်းခွဲကျော် အလုပ်အကိုင်ရရှိနေ

ပြည်တွင်း၌စက်မှုဇုန်(၂၈)ဇုန် စက်မှုရပ်ကွက်(၅)ခု နှင့်ဆောင်ရွက်ဆဲ စက်မှုဇုန် စီမံကိန်း(၂)ခုရှိပြီး တည်ထောင်ပြီး စက်မှုဇုန်(၂၈)ဇုန်တွင် လုပ်သားပေါင်း(၅၅၆ ၀၀၉) ဦးကို အလုပ်အကိုင် အခွင့်လမ်းများ ဖန်တီးပေးထားကြောင်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်ကပြောသည်။ ယမန်နေ့ ဇူလိုင်(၁၂)ရက်က ရှမ်းပြည်နယ်တွင် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှ ကျင်းပသည့် စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားမှာ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ စက်မှုဇုန်(၂၈)ဇုန်တွင်...

စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေသောမုံရွာချင်းတွင်းဆိပ်ကမ်းတလျောက်မျက်ခြေမပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေသော စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ချင်းတွင်းမြစ် ဆိပ်ကမ်းတလျောက်ရှိ ရေသွင်းရေထုတ်ရေတံခါးများ၊ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိရေးအတွက် မျက်ခြည်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ ချင်းတွင်းမြစ်ရေ အမှတ်သည် ဇူလိုင်လ(၁၂)ရက် နေ့လယ်ပိုင်းအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာအထက် (၃၀) စင်တီမီတာကျော်လွန် ရောက်ရှိနေကြောင်း သိရသည်။ မုံရွာမြို့၊ အိုးဘိုတောင်(၀၀) ပေါက်တွဲရေတံခါးမှ ရေဝင်ရောက်မှုနှင့် ကြံ့ခိုင်မှု၊ ချင်းတွင်းမြစ်ရိုးတလျောက်ရှိ ရေထိန်းတာဘောင်နှင့် ရေထိန်းတံခါးကြံခိုင်မှုရှိစေရေးအတွက်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြစ်ရေကြီးမြင့်မှုဖြစ်ပါက ရေပြင်ရှာဖွေကယ်ဆယ်ရေး စပိချ်ဘုတ်များနှင့် ရှာဖွေကယ်ဆယ်ရေးရေယာဥ်ကြီးများ အသင့်ရှိစေရန် ဆောင်ရွက်ထားကြောင်း သိရသည်။ လက်ရှိတွင် မီးသတ်တပ်ဖွဲ့များက မြစ်ရေကြီးမြင့်မှု ကာကွယ်နိုင်ရန် ကင်းလှည့်ရေယာဥ်များဖြင့် အချိန်ပြည့်စစ်...

လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီ

KNPP ၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များထိန်း ချုပ်ထားသည့် မိုးဗြဲမြို့နှင့် ဝါရီကောခူကျေးရွာနှင့် ဆောင်ကန်း(ကယား)ကျေးရွာတို့အား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ကုန်စည်စီးဆင်းမှုတွင်အရေးပါသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းအားပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လွိုင်ကော်မြို့ဒေသခံများသည် ဟိုပုံး၊ တောင်ကြီးမြို့နှင့် အောင် ပန်း၊ ကလောမြို့များမှတစ်ဆင့် နေရာဒေသအနှံ့သို့နှစ်သက်ရာ၊ သင့်ရာဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွိုင်ကော်မြို့သို့ ကုန်စည်စီးဝင်၊ စီးထွက်မှုများလည်း ပိုမိုလွယ်ကူလျင်မြန်လာသဖြင့် လွိုင်ကော်မြို့နှင့် လက်ရှိစစ်ဘေးသင့် မြို့/ရွာများတွင်နေထိုင်သူများ၏ အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီး မြင့်မှုတို့လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071