တောင်ပြုံး၊ ဇူလိုင်-၂၀
လာမည့် ဩဂုတ်လ၌ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ၌ သမိုင်းဝင်တောင်ပြုံး ဆုတောင်းပြည့်-ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကို ကျင်းပမည်ဟု သိရသည်။
ကျင်းပမည့်ရက်သည်ဩဂုတ်လ ၂၁ ရက်မှ ၂၈ ရက် (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်) အထိ ဖြစ်သည်။
အဆိုပါပွဲတော်ကာလအတွင်း ဘုရားဖူးလာ မိဘပြည်သူများ၊ ရိုးရာဓလေ့ကိုးကွယ်ယုံကြည်သူများနှင့် လာရောက်အရောင်းအဝယ်ပြုလုပ်ကြမည့် ဈေးသူ/ဈေးသားများအနေဖြင့် စိတ်အေးချမ်းသာစွာ လာရောက်နိုင်ကြောင်း အသိပေးကြေညာထားသည်။
လက်ရှိတွင် ပွဲတော်ကျင်းပမည့် တောင်ပြုံးနယ်မြေဒေသ၏ အခြေအနေမှာ အေးချမ်းတည်ငြိမ်လျက်ရှိကြောင်းလည်း ပွဲတော်ကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
