ရာသီဥတုအခြေအနေကြောင့် ပြိုင်ပွဲဝင်မီးပုံးပျံများ မလွှတ်တင်နိုင်သေးသည့်အတွက် တောင်ကြီး တန်ဆောင်တိုင်ပွဲ တော်ကို (၃)ရက် ထပ်တိုးကျင်းပမည်ဟု သိရသည်။
ယခင်က သတ်မှတ်ထားသည့် ပွဲတော်ရက်မှာ အောက်တို ဘာ (၂၉) ရက်မှ နိုဝင်ဘာ (၄)ရက်အထိ ဖြစ် သော်လည်းနိုဝင်ဘာ ( ၇၊ ၈၊ ၉) ၃ ရက်သည် ပွဲတော်ရက်အတွင်း အကျုံး ဝင်မည် ဖြစ်သည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်တွင် လွှတ်တင်မည့် နေ့လွှတ် မီးပုံးပျံ များပြားသဖြင့် အောက်တိုဘာလ (၂ ၇) ရက်က စပြီးလွှတ်တင်နေရခြင်း ဖြစ်သည်။
သို့သော်လည်း ရာသီဥတု အခြေအနေကြောင့် မီးပုံးပျံများ လွှတ်တင်နိုင်ရန် အခက်အခဲရှိနေခြင်း ဖြစ်သည်။
ယခုနှစ်တွင် နေ့လွှတ် မီးပုံးပျံ အရုပ် စာရင်းသည် ခြေနှစ်ချောင်း (၁၈၉) လုံး ခြေလေးချောင်း (၁၀၂) လုံး ၊ အုပ်စုအ လုံး (၆၆)လုံး ၊ စုစုပေါင်း (၃၅၇) လုံးရှိ ကာ ညလွှတ်မီးပုံးပျံ စာရင်းသည် စိန်နားပန် (၃၇) လုံး ၊ (၂၂)ပေ (၂၅) လုံး ၊ (၂၅) ပေ (၁၈) လုံး စုစုပေါင်း ညလွှတ် အလုံး (၈၀) ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Getty image
