တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှောင်ရှားရန်အတွက် ရည်ရွယ်၍ ကုန်တင်ကား နှင့် တွဲကားများ သွားလာခွင့် ယာယီပိတ်သိမ်းမည်ဟု သိရသည်။
ပွဲတော်ကာလဖြစ်သည့် အောက်တိုဘာလ (၂၉) ရက်မှ နိုဝင် ဘာ (၅) ရက်အတွင်း ည (၄)နာရီမှ နောက်တစ်နေ့ မနက် (၄) နာရီအထိ ကုန်တင်ကားနှင့် တွဲကားများ မြို့တွင်းသို့ ဝင်ခွင့်ထွက်ခွင့် ပိတ်ထားမည်ဖြစ်သည်။
လက်ရှိ၌ တောင်ကြီးမြို့တွင် တောင်ကြီးတန်ဆောင်တိုင်အ တွက် ပြင်ဆင်နေကြပြီဖြစ်ကာ ရိုးရာ မီးပုံးပျံပြိုင်ပွဲ ပွဲစဉ်ဇယားလည်း ထွက်ထားပြီ ဖြစ်သည်။
“နေ့လွှတ်က (၂၇) ရက် စလွှတ်မှာပါ။ အလုံးရေများတဲ့အ တွက် ရှေ့ (၂) ရက်တိုးပါတယ်။ ပုံမှန် ညလွှတ်နဲ့ ဖွင့်ပွဲအစီ အစဉ်ကတော့ အပြောင်းအလဲမရှိပါဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။
ထို့ကြောင့် အောက်တိုဘာလ (၂၇ ရက် နေ့လယ်ပိုင်းမှစ၍ အချိန်နေ့လွှတ် အရုပ်များ စတင်လွှတ်တင်မည်ဖြစ် ကြော င်းလည်း သိရသည်။
