ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြိုသို့ လာရောက်ခိုလှုံနေထိုင်ကြရသည့် ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင် ကလေ-းငယ်များအတွက် ကလေ-းပျော်စင်တာ (၂)ခု ကို မြန်မာ နိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေ-းပျော်စင်တာများသည်မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသော ကလေ-းငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစီမံချက်တစ်ခုအရ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို ကလေ-းပျော်စင်တာသို့ ကလေ-းငယ် (၁၃၀)ဦး လာရောက်ကစားလျက်ရှိပြီး၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာအတွက် အားပေးကူညီပေးနိုင်ရန်၊ ကျန်းမာရေး၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးအလေ့အကျင့်ကောင်းများ ရရှိနိုင်ရန်နှင့် လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်စေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကလေ-း ပျော်စင်တာများကို ဆက်လက် ဖွင့်လှစ်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ နေရပ်စွန့်ခွာလာကြရသော အိမ်ထောင်စုများရှိ ကလေ-းငယ်များအတွက် ကလေ-းပျော်စင်တာများကို ဖွင့်လှစ်ပေးခဲ့သေးသည်။