ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဖာမွန်းကျေးရွာအုပ်စုတွင် ယနေ့ နံနက်ပိုင်းက မီးပုံးပျံ ယမ်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် တစ်ဦးေ-သဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် အခြားနှစ်ဦးလည်း ဒ-ဏ်ရာရရှိသွားကာ သေဆုံးသူနှင့် ဒ-ဏ်ရာရသူတို့ကို စပ်စံထွန်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
“အသေးစိတ်တော့ မသိရသေးဘူး၊ ယမ်းပေါက်ကွဲတာလို့ ပြောကြတယ်။ ကြက်ခြေနီတွေရောက်လာကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် မီးပုံးပျံ လွှတ်တင်နိုင်ရန် ပြုလုပ်ရသည့် မီးပုံးပျံယမ်းပေါက်ကွဲမှုကြောင့် နှစ်စဉ်လိုပင် အထိအခိုက် အဆုံးအရှုံးများ ရှိတတ်သည်ဟု ဒေသခံများက ပြောကြသည်။
Photo- Pa-O’s supporter group
