ဆိုလ်း၊ ဒီဇင်ဘာ ၂၃
တောင်ကိုးရီးယားသည် ပထမဆုံးသော စီးပွားရေးလုပ်ငန်းသုံး အာကာသလွှတ်တင်ရေးယာဉ်ကို လွှတ်တင်ရာ မအောင်မြင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
အာကာသကုမ္ပဏီ အင်နိုစပေ့ ကတီထွင်တည်ဆောက်ထားသည့် ဟန်ဘစ်-နာနိုကို ဘရာဇီးနိုင်ငံရှိ အယ်လ်ကန်တာရာ အာကာသစင်တာမှ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၃ မိနစ် (၀၁၁၃ GMT) တွင် လွှတ်တင်ခဲ့သည်။
အဆိုပါယာဉ်သည် ချို့ယွင်းမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသဖြင့် လွှင့်တင်ပြီးနောက် ပေါက်ကွဲသွားသည်ဟု ယူဆရကြောင်း နယူးစစ်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါအခြေအနေနှင့် ပတ်သက်၍ ကုမ္ပဏီက တရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသေးကြောင်း သိရသည်။
Ref:ရှင်းဟွာ
