Sunday, March 16, 2025

ထရမ့်ပ်က ဗီအိုအေ၊ အာအက်ဖ်အေနှင့် အာအက်ဖ်အီးတို့ကို...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရသည် ရုရှား နှင့် တရုတ်တို့၏ သတင်းအချက်အလက် ထိုးစစ်ကို တန်ပြန်ရာတွင် အရေးပါသည်ဟု ကာလကြာရှည်စွာ မှတ်ယူထားသော ဗီအိုအေ(အမေရိကန်အသံ) နှင့်...

နယူးဒေလီမြို့တွင် ကျင်းပမည့် အထူးသံတမန်သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ...

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပမည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး နယူးဒေလီမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း...

နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်...

၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန်...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏...

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏...
HomeInternationalတောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတရုတ်သို့ပထမဆုံးအကြိမ်သွားမည်

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတရုတ်သို့ပထမဆုံးအကြိမ်သွားမည်

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတရုတ်သို့ပထမဆုံးအကြိမ်သွားမည်

ဆိုးလ်၊ ဩဂုတ် ၈ ရက်

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင်သည် ၎င်း၏ ပထမဆုံး တရုတ်ခရီးစဉ်အဖြစ် ဩဂုတ်လ ၈ ရက် တနင်္လာနေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။

အဆိုပါ ခရီးစဉ်၏ရည်ရွယ်ချက်မှာ တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယို၏ အစိုးရသည် အမေရိကနှင့် ခိုင်မာသော ဆက်ဆံရေးရှိနေသော်လည်း တရုတ်နှင့် ၎င်းတို့နိုင်ငံကြားရှိ ဆက်ဆံရေး ခိုင်မာလျက်ရှိကြောင်းကို ပြသရန်အတွက် ဖြစ်သည်။

ပတ်သည် အရှေ့ဘက်ဆိပ်ကမ်းမြို့ ချင်းဒေါင်တွင် သုံးရက်ကြာနေထိုင်ရန် စီစဉ်ထားပြီး ယင်းကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဆိုးလ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပတ်သည် မေလတွင် ယွန်းဆော့ယို သမ္မတဖြစ်လာပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်သည့်အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ထိုင်ဝမ် ခရီးစဉ်ကြောင့် ပေကျင်းအစိုးရက အမျက်ထွက်ကာ ပြန်လည်တုံ့ပြန်ခဲ့ပြီးနောက်ပိုင်း ၎င်းခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားသည် ၎င်း၏ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက် တရုတ်နှင့် မဟာမိတ် အမေရိကတို့အကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လာနေချိန် နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေး အဆင်ပြေချောမွေ့အောင် ကြိုးစားနေသည့်အတွက် ပတ်၏ အဆိုပါခရီးစဉ်သည် အလွန်ပင် အလျော်အစားကြီးသည့် ခရီးစဉ် ဖြစ်လာသည်။

ပတ်က ၎င်း၏ ခရီးစဉ်သည် နအထင်အမြင်လွဲမှားမှုများကို လျှော့ချရန်နှင့် ကုန်သွယ်မှု၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

Source: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်က ဗီအိုအေ၊ အာအက်ဖ်အေနှင့် အာအက်ဖ်အီးတို့ကို ယာယီရပ်ဆိုင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရသည် ရုရှား နှင့် တရုတ်တို့၏ သတင်းအချက်အလက် ထိုးစစ်ကို တန်ပြန်ရာတွင် အရေးပါသည်ဟု ကာလကြာရှည်စွာ မှတ်ယူထားသော ဗီအိုအေ(အမေရိကန်အသံ) နှင့် အခြား အမေရိကရန်ပုံငွေ ထောက်ပံ့မှုဖြင့် ထုတ်လွှင့်သည့် သတင်းဌာနများကို စနေနေ့တွင် ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ဗီအိုအေ၊ အာအက်ဖ်အေ၊ အာအက်ဖ်အီးနှင့် အခြားသော သတင်းဌာနများမှ ရာနှင့်ချီသော သတင်းထောက်များသည် ၎င်းတို့ သတင်းစာတိုက်၊ အသံလွှင့်ရုံများကို လာစရာမလိုတော့ကြောင်းနှင့် ဝန်ထမ်းကတ်များ၊ ရုံးပိုင်တယ်လီဖုန်းများနှင့် အခြား ပစ္စည်းကိရိယာများကို ပြန်အပ်ရမည်ဖြစ်ကြောင်း ရေးသားထားသည့် အီးမေးလ်ကို စနေနေ့တွင်...

နယူးဒေလီမြို့တွင် ကျင်းပမည့် အထူးသံတမန်သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး တက်ရောက်မည်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပမည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး နယူးဒေလီမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန Sushma Swaraj Institute of Foreign Service - SSIFS တို့အကြား MOU လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)အရ SSIFS တွင် မြန်မာသံတမန်များအတွက်...

နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ် အထူးဂရုပြုနေထိုင်ရန် လိုအပ်ဟုဆို

၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်း ပြောဆိုချက်အရ သိရသည်။ လက်ရှိ နွေရာသီကာလအတွင်းသို့ ဝင်ရောက်လာနေပြီဖြစ်သောကြောင့် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာသော်လည်း အယ်လ်နီညိုဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ်လောက် ၂၀၂၅ ခုနှစ် နွေရာသီတွင် အပူချိန်မများနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ရေးထားသည်။ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖြစ်လာနိုင်သည့် အပူချိန်ကြို တင်ခန့်မှန်းချက်အရ မန္တလေးတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071