Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeInternationalတောင်ကိုရီးယား၌ ခနွန်မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ...

တောင်ကိုရီးယား၌ ခနွန်မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဘေးလွတ်ရာရွှေ့ပြောင်းနေရဟုဆို

ဆိုးလ်၊‌ဩဂုတ် ၁၀

တောင်ကိုရီးယားကျွန်းဆွယ်သို့ဝင်ရောက်တိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်းခနွန်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ဒေသရှိကျောင်းများအားပိတ်ထားရကာ လူဦးရေ ၁၄,၀၀၀ ကျော်အား ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရကြောင်းအာဏာပိုင်များကဆိုသည်။

ခနွန်အား တိုင်ဖွန်းမုန်တိုင်းမှ အပူပိုင်းမုန်တိုင်းအဖြစ်သို့အဆင့်လျှော့ချထားသော်လည်း နိုင်ငံအရှေ့တောင်ပိုင်းတွင်မြေပြိုမှုများဖြစ်ကာ မြို့တော်‌ဆိုးလ်သို့ဆက်လက်ဦးတည်နေကြောင်းသိရသည်။

မြောက်ကိုရီးယားမြို့တော်ပြုံယမ်းသို့လည်း ခနွန်မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်သဖြင့် တာဝန်ရှိသူများက ရေဘေးအတွက်ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ထားရန်ညွှန်ကြားထားပြီးဖြစ်သည်။

တောင်ကိုရီးယားတွင်မူ လေယာဉ်ခရီးစဉ် ၃၅၀ ခန့်နှင့် ရထားခရီးစဥ် ၄၅၀ ခန့်ကို ဖျက်သိမ်းခဲ့ပြီး လူပေါင်း ၁၄,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။အရှေ့တောင်ပိုင်းရှိ ဒယ်ဂူးမြို့တွင်လည်း ဝှီးချဲဖြင့်အမျိုးသားတစ်ဦး မြစ်ထဲပြုတ်ကျသွားပြီးပျောက်ဆုံးနေသည်ဟုဆိုသည်။

တောင်ကိုရီးယားသည် ပြီးခဲ့သည့်လကလည်း မိုးကြီးရေလျှံမှုကိုခံခဲ့ရပြီး ရေပြည့်နေသည့်ဥမင်ထဲပိတ်မိသူ ၁၄ ဦးအပါအဝင် သေဆုံးသူ ၄၀ ဦးအထိရှိခဲ့သည်ဟုလည်းသိရသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071