Monday, August 17, 2026

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆...

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁...

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန်...

ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင်...

ရေဘေးကယ်ဆယ်ရေးစခန်းများတွင် မြွေဆိပ်ဖြေဆေးများ အသင့်ထားရှိ၊ ကျန်းမာရေးဝန်ထမ်းများက...

ဧရာဝတီ၊ ဩဂုတ် ၁၇ ရေဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကုသမှုများ အချိန်မီဆောင်ရွက်ပေးနိုင်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် မြွေဆိပ်ဖြေဆေးများ...
HomeInternationalတောင်ကိုရီးယားဘက်သို့ အမှိုက်ထုပ် မိုးပျံပူဖောင်းတွေ...

တောင်ကိုရီးယားဘက်သို့ အမှိုက်ထုပ် မိုးပျံပူဖောင်းတွေ ပို့လွှတ်နေမှု ရပ်ဆိုင်းမယ်လို့ မြောက်ကိုရီးယား ပြော

တောင်ကိုရီးယားနိုင်ငံဘက်ကို အမှိုက်သရိုက်ထုတ်တွေချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေ ပို့လွှတ်နေခြင်းအား ရပ်တန့်သွားမယ်လို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပြီး ယင်းအစီအစဉ်ဟာ သူတို့ ခံစားခဲ့ရတဲ့ မနှစ်မြို့ဖွယ်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံသားတွေကို အတွေ့အကြုံကောင်းကောင်း ပေးလိုက်နိုင်တယ်လို့ လည်း အခိုင်အမာဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ မိုးပျံပူဖောင်းပို့လွှတ်မှုတွေ၊ မကြာသေးခင်က အခြားရန်စမှုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မခံမရပ်နိုင်လောက်တဲ့ လက်တုန့်ပြန်မှုမျိုးနဲ့ မကြာခင်မှာ ပြစ်ဒဏ်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောဆိုခဲ့အပြီးမှာ မြောက်ကိုရီးယားရဲ့ ကြေညာချက် ထွက်လာတာပါ။

လေ့လာသူတွေကတော့ တောင်ကိုရီးယားအနေနဲ့ နယ်စပ်လိုင်းပေါ်ကနေ မြောက်ကိုရီးယားဘက်ကို အသံချဲ့စက် ထုတ်လွှင့်မှုတွေ ပြန်စလုပ်လာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ယင်း အသံချဲ့စက်တွေနဲ့ ထုတ်လွှင့်မှုအတွင်း မြောက်ကိုရီးယားရဲ့ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးအခြေအနေတွေအပေါ် ဝေဖန်ထားတာတွေ၊ ကမ္ဘာ့သတင်းတွေနဲ့ ကေပေါ့ပ်သီချင်းတွေပါဝင်လေ့ရှိတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ လူဦးရေ ၂၆ သန်းအနက် အများစုဟာ နိုင်ငံခြား ရုပ်သံနဲ့ အသံလွှင့်အစီအစဉ်တွေကို တရားဝင် ကြည့်ရှု့နားထောင်ခွင့် မရှိကြတဲ့အတွက် ယင်းကဲ့သို့ ထုတ်လွှင့်မှုတွေအပေါ် မြောက်ကိုရီးယားဘက်က မခံမရပ်နိုင်ဖြစ်လေ့ရှိပါတယ်။

လက်ရှိမှာ မြောက်ကိုရီးယားဘက်က မိုးပျံပူဖောင်း ပို့လွှတ်တာတွေ ရပ်ဆိုင်းမယ်ဆိုတဲ့ ကြေညာချက်ကြောင့် တောင်ကိုရီးယားအနေနဲ့ ၎င်းတို့ရဲ့ ပြစ်ဒဏ်ပေး အစီအစဉ်တွေကို ဆက်လုပ်သွားမလားဆိုတာကတော့ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြောက်ကိုရီးယားအနေနဲ့ မိုးပျံပူဖောင်း ပို့လွှတ်တာတွေကို ယာယီရပ်ဆိုင်းသွားမယ်လို့ မြောက်ကိုရီးယား ဒုတိယ ကာကွယ်ရေးဝန်ကြီး ကင်ကန်အီလ်က တနင်္ဂနွေညပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ တောင်ကိုရီးယားရဲ့ လက်ကမ်းစာစောင်တွေ ပို့လွှတ်ခဲ့မှုအား တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

သူတို့ခံစားခဲ့ရတဲ့ မနှစ်မြို့ဖွယ်ရာ အတွေ့အကြုံတွေ၊ ပြန့်ကျဲနေတဲ့ အမှိုက်စက္ကူတွေကို လိုက်လံရှင်းလင်းဖို့ ကြိုးစားအားထုတ်ခဲ့ရပုံတွေနဲ့ ပတ်သက်ပြီး ROK (ကိုရီးယားသမ္မတနိုင်ငံ) မှ မျိုးနွယ်စုတွေကို အတွေ့ကြုံကောင်းကောင်း ပေးနိုင်ခဲ့တယ်လို့လည်း သူက ပြောဆိုသွားခဲ့ပါတယ်။

Ref: Politico

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆ မြို့တွင် မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။ မိုးဇလဌာန၏ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ကြီးငါးစင်း၏ မြစ်ရေများမှာ မြို့ ၇ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃၃...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁ ဦးအား ဝတ်စုံများထောက်ပံ့

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Grade-5 မှ Grade-9 အထိ ကျောင်းသူများကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အသက်အရွယ်အလိုက် U-12/U-13 အဆင့်၌ အားကစားသမား ၂၅...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန် တစ်တန် ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးရရှိ

ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှလည်း ဆန်ဝယ်ယူလျက်ရှိသော်လည်း မြန်မာ့ GW-11 ဆန်၏ မျိုးစိတ်နှင့် အရည်အသွေးကောင်းမွန်မှုကို ပိုမိုနှစ်ခြိုက်သဖြင့် ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ရာတွင် ထိုင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ခန့်ရရှိနေချိန်၌ မြန်မာ့ GW-11...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071