Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeInternationalတောင်ကိုရီးယားနှင့်ပိုလန်တို့ ကန်ဒေါ်လာ ၅...

တောင်ကိုရီးယားနှင့်ပိုလန်တို့ ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံတန်တင့်ကားနှင့်ဟောင်ဝစ်ဇာစာချုပ်လက်မှတ်ရေးထိုး

တောင်ကိုရီးယားနှင့်ပိုလန်တို့ ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံတန်တင့်ကားနှင့်ဟောင်ဝစ်ဇာစာချုပ်လက်မှတ်ရေးထိုး

ဆိုလ်း၊ဩဂုတ် ၂၇

ရုရှားနှင့်တင်းမာမှုများကြားတွင် စစ်လက်နက်ပစ္စည်းများတင်သွင်းမှုအရှိန်မြှင့်တင်ရန် ဝါဆောကသဘောတူပြီးနောက် တောင်ကိုရီးယားကုမ္ပဏီနှစ်ခုသည် ပိုလန်သို့တင့်ကားများနှင့် ဟောင်ဝစ်ဇာများတင်ပို့ရန် ကန်ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံတန်ဖိုးရှိ စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြောင်း ဆိုးလ်လက်နက်ဝယ်ယူရေးအေဂျင်စီက စနေနေ့ကပြောကြားခဲ့သည်။

ပိုလန်နိုင်ငံ၌ ဩဂုတ်လ ၂၆ ရက် သောကြာနေ့ကချုပ်ဆိုပြီးစီးခဲ့သော အဆိုပါစာချုပ်သည် အိမ်နီးချင်းယူကရိန်းသို့ရုရှားကျူးကျော်မှုကိုရင်ဆိုင်နေရချိန် ၎င်း၏စစ်အင်အားကိုဖြည့်တင်းရန်ကြိုးပမ်းနေသော ပိုလန်နှင့် ချုပ်ဆိုခဲ့သည့်တောင်ကိုရီးယား၏ အကြီးဆုံးသဘောတူညီချက်ပင်ဖြစ်သည်။

Hyundai Rotem ကုမ္ပဏီသည် K2 Black Panther တင့်ကားများကိုတင်ပို့မည်ဖြစ်ပြီး Hanwha Corp ၏ကာကွယ်ရေးယူနစ် Hanwha Defence မှ K9 မောင်းသူမဲ့ဟောင်ဝစ်ဇာများကို ပိုလန်သို့ပေးပို့မည်ဖြစ်ကြောင်း Defense Acquisition Program Administration (DAPA) မှပြောကြားခဲ့သည်။

စာချုပ်တစ်ခုလုံး၏တန်ဖိုးကို မကြေငြာသော်လည်း တောင်ကိုရီးယားမီဒီယာများက ဝမ် ၂၀ ထရီလီယံ (ကန်ဒေါ်လာ ၁၅ ဘီလီယံ) အထိခန့်မှန်းထားသည်။ “လက်နက်စနစ်များ မျှဝေခြင်းနှင့် ကာကွယ်ရေးတင်ပို့မှု၊ အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေးနှင့်လုံခြုံရေးမဟာမိတ်များ အားကောင်းလာစေရန်အရေးကြီးသဖြင့် ယခုပို့ကုန်သဘောတူညီချက်သည် ဉရောပနိုင်ငံများနှင့် စည်းလုံးညီညွတ်မှုတည်ဆောက်ပြီး လုံခြုံရေးစွမ်းရည်ချဲ့ထွင်ရန်ကြိုးပမ်းမှုအား အထောက်အကူဖြစ်စေရန်မျှော်လင့်ပါသည်” ဟု DAPA မှထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မေလတွင်သမ္မတဖြစ်လာသော တောင်ကိုရီးယားသမ္မတ မစ္စတာယွန်းဆော့ယော် သည် မြောက်ကိုရီးယား၏ တိုးမြင့်လာသော နျူနှင့်စစ်ရေးခြိမ်းခြောက်မှုများကြားတွင် ဒီမိုကရေစီနှင့်ဈေးကွက်စီးပွားရေးတန်ဖိုးများကို မျှဝေသည့် ဉရောပနိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်မည်ဟု ကတိပြုခဲ့သည်။

ပိုလန်သည်သဘောတူညီချက်အရ K2 တင့်ကားအစီးရေ ၁၈၀၊အရေအတွက်အတိအကျမပြောထားသော ဟောင်ဝစ်ဇာများနှင့် FA – 50 တိုက်လေယာဉ်၄၈ စင်းဝယ်ယူရန်သဘောတူညီခဲ့သည်။သောကြာနေ့ကချုပ်ဆိုခဲ့သောစာချုပ်အတွက် ပထမတစ်ရစ်တင်သွင်းမည်ဖြစ်ပြီး ဂျက်လေယာဉ်များအတွက်သဘောတူညီချက်ကိုလာမည့်လတွင်ပြုလုပ်နိုင်ရန်မျှော်လင့်ထားသည်။

ရုရှားကအထူးစစ်ရေးစစ်ဆင်မှုဟု အမည်ပေးထားသော ယူကရိန်းကျူးကျော်မှုသည် အရှေ့အုပ်စုနိုင်ငံများကြားတွင် စိုးရိမ်မှုများတိုးလာစေခဲ့သည်။နေတိုးအဖွဲ့ဝင်ပိုလန်နိုင်ငံသည် ၎င်း၏စစ်အသုံးစရိတ်ကို နိုင်ငံ့ GDP ၏ ၃ ရာခိုင်နှုန်းအထိတိုးမြှင့်သုံးစွဲမည်ဖြစ်ကာ ကျူးကျော်တိုက်ခိုက်မှုများကို ဟန့်တားရန်အတွက် စစ်အင်အားကိုနှစ်ဆကျော်တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့သည်။

Source – Reuters/gs

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic Acid) ၂၅၅၀၀ လီတာကိုဖမ်းမိ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည ၆ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၃၀ လီတာစီပါ ပလတ်စတစ်ပုံး(၈၅ဝ)ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ယင်း ဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက်၊ ဓာတုပစ္စည်းများအား ရန်ကုန်မြို့မှပျော်ဘွယ်မြို့သို့ တာဝန်ခံသယ်ဆောင်သူကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန်...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ (၁,၂၀၀)ဦးကျော်ရှိခဲ့

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊ ပင်လုံလမ်းနှင့် ဦးဝိစာရလမ်းဆုံမီးပွိုင့်နှင့် နာရီစင်မှတ်တိုင်အနီးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်မည့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ၌ လာရောက်ကုသမှုခံယူလိုသူ များအား ဇွန် ၂၀ ရက်နံနက် ၇ နာရီမှစတင်၍ စာရင်းပေးသွင်းရန် ကြေညာထားခဲ့သည်။ ထိုသို့ ကြေညာထားသော်လည်း နံနက် ၄ နာရီမှစတင်ကာ တန်းစီစောင့်ဆိုင်းနေကြသူများရှိခဲ့ပြီး ကုသမှုခံယူလိုသူများပြားသဖြင့် တစ်ရက်တည်း၌ပင် လူဦးရေ(၁,၂၀၀)ကျော်သွားခဲ့၍ စာရင်းပိတ်ခဲ့ကြောင်း...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်သည်လည်း ယနေ့ ဇွန် ၂၀ ရက်မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာနတို့ကြား တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071