တောင်ကိုရီးယားနိုင်ငံသို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှတဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦးကို ဇူလိုင်လ (၁၉) ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
အဆိုပါ အလုပ်သမားများသည် ယနေ့ ဇူလိုင်လ (၁၉) ရက်တွင် ရန်ကုန်လေဆိပ်မှတဆင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း လုပ်သား (၉၁၉) ဦးကို ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် စေလွှတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇူလိုင်လ (၄) ရက်တွင် အလုပ်သမား (၁၅၃) ဦး၊ ဇူလိုင်လ (၁၀) ရက်တွင် EPS စနစ်ဖြင့် Regular ကုန်ထုတ်လုပ်သား (၁၄၆) ဦး ၊ ဇူလိုင်လ (၁၂) ရက်တွင် မြန်မာလုပ်သား (၁၅၀)ဦး၊ ဇူလိုင် (၁၈) ရက်တွင် မြန်မာလုပ်သား(၁၅၁) ဦးကိုလည်းကောင်း စေလွှတ်ခဲ့ကြောင်းကို ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။