အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းရှိ လူစည်ကားသော ဘားတစ်ခုတွင် တနင်္ဂနွေနေ့ မနက်အစောပိုင်းက အစုလိုက်အပြုံလိုက် ပ-စ်ခ-တ်မှုဖြစ်ပွားခဲ့ရာ လူလေးဦးေ-သဆုံးပြီး လူ ၂၀ ထက်မနည်း ဒ-ဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
St. Helena ကျွန်းပေါ်ရှိ Willie’s Bar and Grill သို့ ရဲအရာရှိများ ရောက်ရှိလာချိန်တွင် လူအများအပြား ေ-သနတ်ဒ-ဏ်ရာများဖြင့် တွေ့ရှိရသည်။
ဘားပိုင်ရှင် Willie Turral က အဆိုပါ ဘားသည် အထက်တန်းကျောင်းသားဟောင်းများ စုဝေးပွဲအတွက် လူများ ပြည့်ကျပ်နေချိန်တွင် သူသည် အဆောက်အအုံအတွင်း၌ ရှိနေပြီး အပြင်ဘက်မှ ေ-သနတ်သံများကို “ဆက်တို-က် ပ-စ်ခ-တ်မှုများ” အဖြစ်ကြားခဲ့ရသည်ဟု ဆိုသည်။ သူက ထိုမြင်ကွင်းကို “အော်ဟစ်သံတွေနဲ့ ထိတ်လန့်တကြားဖြစ်မှုနဲ့ ကြောက်ရွံ့မှုတွေပါပဲ” ဟု ဆိုသည်။
ေ-သနတ်ပ-စ်ခ-တ်မှုများမှလွတ်ရန်အတွက် လူအများအပြားသည် အနီးအနားရှိ ဆိုင်ခန်းများဆီသို့ ပြေးသွားခဲ့ကြကြောင်း Beaufort ကောင်တီ ရဲဌာနက လူမှုကွန်ရက်ပလက်ဖောင်း X ပေါ်ရှိ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
“ဒါဟာ လူတိုင်းအတွက် ဝမ်းနည်းဖွယ်ကောင်းပြီး ခက်ခဲတဲ့ ဖြစ်ရပ်တစ်ခုပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်တော်တို့အနေနဲ့ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေစဉ်အတွင်း စိတ်ရှည်သည်းခံပေးကြဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ရဲ့ စာနာစိတ်တွေဟာ ဒ-ဏ်ရာရရှိသူအားလုံးနဲ့ သူတို့ရဲ့ ချစ်ခင်သူတွေဆီမှာ ရှိနေပါတယ်” ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဒ-ဏ်ရာရသူများထဲတွင် လေးဦးမှာ ဆေးရုံများ၌ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ စိုးရိမ်ရဆဲအခြေအနေဖြစ်သည်။ ေ-သဆုံး/ဒ-ဏ်ရာရသူများ၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။
အဆိုပါဘားသည် St. Helena ကျွန်း၏ အနောက်မြောက်ဘက် ၁၀ မိုင် (၁၆ ကီလိုမီတာ) အကွာတွင်ရှိသော Beaufort မှ Battery Creek အထက်တန်းကျောင်းသားဟောင်းများအတွက် ပွဲတစ်ခုကို လက်ခံကျင်းပပေးနေခြင်းဖြစ်ကြောင်း Turral ကပြောသည်။ ပ-စ်ခ-တ်သံများမကြားရမီကလူများသည် ပျော်ရွှင်စွာအချိန်ဖြုန်းနေကြသည်ဟု သူက ဆိုသည်။
“အထဲကနေကြည့်ရတာ ကြောက်စရာပါပဲ” ဟု သူက ပြောကြားခဲ့ပြီး “အပြင်မှာ တကယ်ဘာဖြစ်နေလဲ မသိတဲ့သူတွေ၊ ဘေးလွတ်ရာကိုရောက်အောင်သွားဖို့ ကြိုးစားနေကြတဲ့သူတွေ” ရှိခဲ့သည်ဟု သူကဆိုသည်။
