ပဲခူးတိုင်း၊ ပြည်မြို့တွင် ယနေ့ အောက်တိုဘာ ၁၄ ရက်နံနက် ၁၁ နာရီခန့်က တောင်ကမ်းပပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံ မှ သိရသည်။
ပြည်မြို့၊ ဆင်စုရပ်၊ ဗေဒါရီဂူအနီးရှိ ဘုရားကျောင်း ၀န်းအတွင်း တောင်ကမ်းပါးပြိုကျရာမှ သစ်ပင်လဲကျကာ စေတီတော်များနှင့် သာသနကအဆောက်အဦများပိမိနေသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)၏အသင်းဝင်များ၊ ပြည်မြို့ဗဟိုမီးသတ်တပ်ဖွဲ့၊ ဆင်စုအရန်မီးသတ်တပ်ဖွဲ့၊ ရွာဘဲမီးသတ်တပ်ဖွဲ့တို့မှ ပူး ပေါင်းရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
