အီရန်နိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ရေအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတစ်ဝန်း မိုးခေါင်မှုသည် ဆက်လက်၍သာဖြစ်ပေါ်နေပါက လူဦးရေ ၁၀ သန်းကျော်ရှိသော တေရန်မြို့သည် မကြာခင် လူနေထိုင်၍ မရနိုင်တော့ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
ဒီဇင်ဘာလတွင်သာ မိုးမရွာပါက အစိုးရသည် တေရန်မြို့တွင် ရေကိုခွဲတမ်းဖြင့် ပေးဝေရတော့မည်ဖြစ်ကြောင်း သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က သတိပေးခဲ့သည်။
“ခွဲတမ်းနဲ့ ရေပေးနေရင်တောင် မိုးကသာ မရွာသေးဘူးဆိုရင်တော့ ရေကလုံး၀ရတော့မှာမဟုတ်ပါဘူး။ သူတို့ (နိုင်ငံသားများ) တေရန်ကနေ ထွက်ခွာရပါမယ်” ဟု ပီဇက်ကီယန်က ပြောကြားခဲ့သည်။
အီရန်၏ ဘာသာရေးခေါင်းဆောင်များအတွက် အန္တရာယ်များသော ပြဿနာဖြစ်သည်။ ၂၀၂၁ ခုနှစ်ကလည်း ရေရှားပါးမှုကြောင့် တောင်ပိုင်း ကူဇက်စတန်ပြည်နယ်တွင် အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပွါးခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ဆန္ဒပြမှုများသည် ထုံ့ပိုင်းကြိုကြားဖြစ်ပွားခဲ့ပြီး အထူးသဖြင့် လယ်သမားများက အစိုးရက်ု ရေစီမံခန့်ခွဲမှု ညံ့ဖျင်းသည်ဟု စွပ်စွဲခဲ့သည်။
အီရန်နိုင်ငံ၌ ပူးပြင်းသော နွေရာသီတွင် ဖြစ်ပေါ်နေသော ရေအကျပ်အတည်းသည် မိုးရွာသွန်းမှုနည်းပါးခြင်း တစ်ခုတည်းကြောင့်မဟုတ်ပေ။
ဆည်များကိုအလွန်အကျွံတည်ဆောက်ခြင်း၊ တရားမဝင် ရေတွင်းတူးခြင်းများနှင့် ထိရောက်မှုမရှိသော စိုက်ပျိုးရေးဆိုင်ရာ လုပ်နည်းကိုင်နည်းများအပါအဝင် ဆယ်စုနှစ်များစွာ စီမံခန့်ခွဲမှုလွဲမှားခြင်းကြောင့် ရေအရင်းအမြစ်များ ပြုန်းတီးရကြောင်း ဝေဖန်သူများနှင့် ရေအရင်းအမြစ်ဆိုင်ရာ ပညာရှင်များက ပြီးခဲ့သည့်ရက်များအတွင်း နိုင်ငံပိုင်မီဒီယာများကို ပြောကြားခဲ့သည်။
အဆိုပါအကျပ်အတည်းနှင့် ပတ်သက်၍ ယခင်အစိုးရများ၏ မူဝါဒများ၊ ရာသီဥတုပြောင်းလဲမှုနှင့် အလွန်အကျွံ့သုံးစွဲမှုကဲ့သို့သော အချက်များကြောင့်ဟု ပီဇက်ရှ်ကီယန်အစိုးရက အပြစ်ဖို့ခဲ့သည်။
ယခုအထိ ရေအကျပ်အတည်းနှင့် ပတ်သက်၍ ဆန္ဒပြမည့် အရိပ်အယောင်များ မရှိသေးသော်လည်း အီရန်နိုင်ငံသားများသည် နိုင်ငံ၏ အငြင်းပွားဖွယ်ရာ နျူကလီးယားအစီအစဉ်နှင့် ဆက်စပ်သော ဒ-ဏ်ခတ်ပိ-တ်ဆို့မှုများကြောင့် ယိုယွင်းနေသော စီးပွားရေး၏ ဝန်ထုပ်ဝန်ပိုးအောက်တွင် ရုန်းကန်နေရပြီဖြစ်သည်။
Ref: ရိုက်တာ
