…ကောင်မလေးမှာ ရိတ်သိမ်းလို့ရနေပြီဖြစ်တဲ့ ဆံနွယ်ရှည်တွေ ပွင့်နေတယ် … တိုးတိတ်တဲ့ အခန်းနံရံပေါ်တွယ်တက်လာတဲ့အိပ်မက်တစ်ကောင်ရဲ့အမြီးမှာ ဘယ်သူ မှ ဖွင့်မသောက်ရသေးတဲ့ ဝိုင်တစ်ပု လင်းငြိနေခဲ့ …အရှိန်နဲ့ပြေးဖက်လိုက်တဲ့လေညှင်းရဲ့ ကုတ်သားပေါ် ရနံ့တွေပဲ့ပါသွားသလိုမျိုး …ရို ကျိုးစွာ …တန်ဖိုးထားမိခဲ့သော ထိုကောင်မလေးသည် …။
…အမေပေးခဲ့တဲ့ ပဝါအနီ စလေးရဲ့ထောင့်စွန်းမှာ အမေ့သွေး လို့ အမည်ရေးထိုးထားတဲ့စာတန်းလေးရှိတယ် …မင်းချစ်တဲ့ကောင်မလေးအတွက် အမေ့ရဲ့သွေးတွေပါ လို့ပြောပြီး သူ့ရင်အုံကသွေးနဲ့စာရေး ခဲ့တာ …ကောင်မလေးက အမေ့သွေးနဲ့ထိုက်တန်ပါရဲ့လား …အမေ့ ကိုယ်စား စဉ်းစားပေးရတယ်။
…ကော်ပတ်ရုပ်လေးတစ်ခု ရှိတယ် …ဦးနှောက်ထဲမှာ သံရည်ပူတွေပြိုကျနေပြီး…သူ့မျက်လုံးတွေကို တတိတိတိုက်စားနေတယ်…သူ မပျော်ဘူးဆိုတဲ့အကြောင်း သူ့သခင်ကို သူပြောဖို့ကြိုးစားနေ တယ်…အသံဟာ လည်ချောင်းထဲ မှာ လွှစက်လို တဝီဝီနဲ့ … ဘာသာ စကားတွေကို တိုက်စားနေတဲ့မြစ်ထဲ …အရုပ်ကလေးခုန်ချပြသွားတယ်…လူတွေကတော့ သူ့ကိုယ်သူ သတ်သေသွားတဲ့ အရုပ်မလေးရဲ့မေတ္တာကိုချီးမွမ်းမဆုံးဘူး…တစ်နေ့နေ့မှာ တွန့်ခေါက်နေတဲ့အိပ်မက်တွေနဲ့အတူ ပြန်လာလိမ့်မယ်လို့ ယုံ ကြည်နေကြတယ်…သက်ပြင်းကို မုန်တိုင်းတစ်ခုလိုချလိုက်တယ်…။
…ဘုရားသခင်က သူစိမ်း ဆန်တယ် …သူမရဲ့အိပ်မက်တွေ ထဲ ခုထိ ချော်ရည်တွေလောင်းထည့် နေတုန်းပဲ …သီချင်းတစ်ပုဒ်နဲ့ ထိ ကပ်ဖွင့်လိုက်တဲ့နားစည်ပေါ် ကျိုးကျ သွားတဲ့ အလံတော်မှာ အရိုးခေါင်း ပုံတံဆိပ်နဲ့ …မိန်းမရိုင်းတစ်ယောက်ရဲ့လက်ဝါးပေါ်က စကားလုံး တစ်ခုကို ကုတ်ခြစ်ထုတ်ရတာ ပင်ပန်းတယ် …ရှုံးမယ်မှန်းသိသိနဲ့ အရင်းများများ စိုက်ထားမိတဲ့လူလို မျိုး ကိုယ့်ထည့်ဝင်မှုများလေ ပိုနစ်နာလေ
…သစ်ပင်ကို ခေါင်းနဲ့ တိုက်သလိုမျိုး ကိုယ့်စိုက်အားပြင်းလေ ကိုယ့်နာကျင်မှုပိုလေ…ကြေကွဲ ခြင်းက ဧည့်သည်လို အချိန်လွန်မှရောက်လာခဲ့တယ်။
…ဆောင်းက သူ့လက်အေးအေးကြီးနဲ့ လက်မောင်းကို သပ်ချ လိုက်တယ်…အေးစက်မှုဟာ ကောင်မလေးရဲ့ရင်ခုန်သံထဲကထွက်လာတဲ့ ဓာတုပစ္စည်းတစ်ခုဖြစ်ပြီး …ရှိုက်သံက ရင်ဘတ်ကိုဖွင့်ထွက်လာတဲ့ ဂီတပဲ…မျက်လုံးထဲမြစ်ချောင်းတွေ အရှည်လိုက်ဝင်သွားတဲ့ အခါ ခြေရာမှာကပ်နေတဲ့သဲသောင်ရဲ့သတင်းက အတိတ်ဆိုးပဲ …ဒို့ အရေးလို့အော်ခဲ့တဲ့ပါးစပ်မှာ ထောင်ဝင်စာတွေပလူပျံလို့…ငယ်မူငယ်သွေးတွေကို စနစ်တကျသောက်စို့ ကြီးပြင်းလာတဲ့ခေတ်က အပျိုဖြန်းလေးလို စွဲမက်ချင်စရာပဲ …ဗန်း ပိုင်းယားတွေလို လူရည်လူသွေးစုတ်ယူကြီးထွားလာတဲ့လူတစ်စုရဲ့လက်ပေါ်…ခြေရာတွေဆန့်ငင်ဆန့်ငင်…ကောင်မလေးရဲ့ လက်မောင်းပေါ်က အသားမာသီးလေးကလည်း ခေတ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပဲ …။
…ပြန်မယ်ဆိုပြီး ထပျံသွား တဲ့ အရောင်တွေကိုငေးကြည့်နေခိုက်…မီးလုံးက မီးမလင်းသေးဘူး …လက်ဖျားကို ဂစ်တာကြိုးနဲ့ ထိ လိုက်တဲ့အခါ အသံဟာ ဂစ်တာအိုး ထဲတစ်ပတ်လှည့်ပြီး နားထဲ ဖောက် ဝင်သွားတယ်…အသံထဲမှာ အငိုရောင်စွတ်စိုနေတဲ့ ရစ်သမ်တွေ ပျံဝဲ …။
အိပ်မက်ထဲမှာ မှော်ဆရာ အ ဘိုးအိုနဲ့တွေ့တယ်။ ပင်လယ်ကွေ့ တစ်လျှောက် အပြာရင့်ရောင်လက်လက်ထနေတဲ့ ခရုရှည်လေးတွေကို စုပုံပြီး ပိရမစ်တစ်ခုတည်ဆောက်ပေးဖို့ တောင်းဆိုကြည့်မိတယ်။
မေတ္တာတရားဟာ လက်ဖဝါးချင်း ထိမိရာကအစ မီးထပွင့်တယ်ဆိုတဲ့ စကားဟာ ယုံကြည်စရာမကောင်းပေမယ့် အရေပြားပေါ်လာထိတဲ့အငွေ့အသက်ကလေးကတော့ ကြည် ညိုချင်စရာ။ ရေသူမမျက်နှာသုံးဖက်နဲ့ ပိရ မစ်ပုံလေးရဲ့အတွင်းမှာ အပြာ ရောင် ခရုရှည်တွေ ထွန်းစိုက်ထား တယ်။ ကျေးဇူးတင်ပါတယ် အဘိုးလို့ ပြောမိတယ်ဆိုရင်ပဲ အပြုံးတစ်ခက်က မျက်လုံးသူငယ်အိမ်ထဲကို လာ စိုက်တယ်။ တစ်ကိုယ်လုံး ရေခဲရေနဲ့ အလောင်းခံရသလိုမျိုး ပီတိအဟုန် အလင်းမျှင်တန်းတယ်။
တရွေ့ရွေ့ထွက်ခွာသွားတဲ့ အ ဘိုးအိုရဲ့ ကျောပြင်ဟာ ဘော်ငွေ ရောင်နှင်းတွေ ရစ်ဝိုင်းနေတယ်။ကျောပြင်အပျောက်မှာ မှော်ဆရာမလေးတစ်ယောက်(တကယ်က နတ်သမီးလေးတစ်ပါးပါ) ထပ်မံရှင်သန်လာတယ်။ နှုတ်ခမ်းသားရဲရဲတွေပေါ် မှာ အပြာရင့်ရောင်သတ္တုသောက်ရေ ခွက်အသစ်တစ်လုံးလို ဖြူစင်တဲ့ အ ရည်တွေ လဲ့နေတယ်။
“ပြန်ကြမယ်လေ”
“ကျွန်တော်က ပျံချင်တာပါ။ ဂရိနတ်ဘုရားတွေလိုမျိုး ဟိုးမိုးကောင်းကင်ခပ်မြင့်မြင့်ဆီကို အတောင်ပံတွေနဲ့ပျံသန်းချင်တာပါ။ပြန်တော့မပြန်ချင်သေးဘူး။ ပင်လယ် ဟာ ခုထိ အပြာရောင်ကမပြောင်းသေးဘူး”
“စိတ်ကူးယဉ်ဆန်လိုက်တာ”
အသံကြားရာဆီကို အသေအ ချာကြည့်လိုက်တော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ တိမ်တွေဖြစ်ထွန်းနေတဲ့ သစ်ပင်တစ်ပင်ပဲရှိတယ်။ ကျွန်တော်အိပ်ပျော်နေဆဲပဲရှိသေးတာလား။ ဒါ မှမဟုတ် အိပ်မက်က နိုးလာပြီလား အသေအချာမသိ။ အိပ်မက်ထဲက နတ်သမီးပုံရုပ်တုတည်ရှိတဲ့ အပြာရောင်ကမ်းခြေကရော အပြင်မှာ တ ကယ်ရှိရဲ့လား။ မျက်လုံးတွေကိုပြန်မှိတ်ဖို့ပြင်လိုက်ပေမယ့် မျက်လုံးတွေ ကမှိတ်မိလျက်သားဖြစ်နေပြန်တယ်။ ဒါပေမဲ့အသံတွေကတော့ ကြားနေ ရပြန်တယ်။
“ရှင်မနိုးသေးဘူးလား”
“ကျွန်တော်တစ်ခါမှ မအိပ်ဖူးသေးဘူး။ ကျွန်တော်အိပ်ကြည့်ချင်တယ်။ အိပ်စက်ခြင်းရဲ့ အရသာကို ခံစားထိတွေ့ကြည့်ချင်တယ်။ အိပ်မက်ဆန်းဆန်းတွေ မက်ကြည့်ချင်တယ်။ အိပ်မက်ထဲမှာ အမေ့ကိုတွေ့ အောင် ရှာချင်တယ်။ အမေ့ရင်ခွင်ထဲမှာ ခေါင်းလေးတိုးဝင်ပြီး တစ်မှေးလောက်အိပ်ချင်တယ်”
“ကျွန်မက ရှင့်အမေလေ”
“မင်းက ငါ့အမေမဟုတ်ပါဘူး။ငါ့အမေလို ငါ့အပေါ်မေတ္တာထားနိုင်တဲ့ မိန်းကလေးတစ်ယောက်ပါ”
“ရှင် ဒါတော့ ခံစားမိသားပဲ”
“တခြားအရာတွေထက် မေတ္တာ တရားရဲ့အငွေ့အသက်ကို ငါကပိုပြီး ခံစားမိတဲ့ သတ္တဝါပါ”
‘ရှင်က လူမဟုတ်ဘူးလား”
“လူဆိုတာ ဘာလဲ။ ဒါဝင်ရဲ့ အီဗော်လူးရှင်းသီအိုရီအရ ကူးပြောင်း လာတဲ့အဆင့်မြင့်သတ္တဝါကို ခေါ် တာလား။ တစ်ယောက်ကိုတစ်ယောက်မနာလိုစိတ်နဲ့ ကြည့်နေတဲ့ သတ္တဝါကိုခေါ်တာလား။အချင်းချင်း သတ်ဖြတ်နေကြတဲ့သတ္တဝါကိုခေါ် တာလား။ ချစ်ခြင်းမေတ္တာကို မယုံ ကြည်တဲ့သတ္တဝါကို ခေါ်တာလား။
လူဆိုတာဘာလဲ။ ဘာသာတ ရားနဲ့ စိတ်ကိုချုပ်နှောင်ထားတာတောင် ကြိုးပြတ်ချင်နေတဲ့သတ္တဝါ လား။ ဖြစ်တည်မှုနဲ့ပျက်သုဉ်းမှုကို အသေအချာ နားမလည်တဲ့သတ္တဝါ လား။ ကံတရားကိုယုံကြည်လွန်းနေ တဲ့ အားနည်းတဲ့ဝီရိယသမားတွေ လား။ အပြစ်ဆိုတာကိုကြောက်လို့ အပြစ်တွေမလုပ်တဲ့သတ္တဝါလား။
လူဆိုတာဘာလဲ။မွေးဖွားခြင်း နဲ့သေဆုံးခြင်းကြားကို ရှင်သန်ခြင်း လို့သတ်မှတ်ပြီး အဲဒီရှင်သန်ချိန်လေးပဲ့ြေ<ွကသွားမှာစိုးလို့ ယုယုယယ ပြုစုနေရသူလား။ ဖြစ်တည်ချိန်ခဏလေးအတွင်းမှာ မကောင်းမှုတွေကို အားကုန်လုပ်ဆောင်နေသူလား။ပရ ဟိတနဲ့အတ္တဟိတကို မျှခြေမချတတ်တဲ့သတ္တဝါလား။
လူဆိုတာဘာလဲ …
“ရှင်က ထူးဆန်းတယ်နော်”
စကားသံဖြစ်အင်္ဂါတွေ အကြောင်း မ သိတဲ့အတွက်ကြောင့် စကားသံထွက်ပေါ်လာရာဆီပဲ ရှေးရှူလိုက်တယ်။အပြာရင့်ရောင်နှုတ်ခမ်းသား နှစ်လွှာလျှောခနဲ ပြုတ်ကျလာတယ်။ ကျွန်တော်ကမ်းခြေဆီကို ပြန်ရောက်သွား တာများလား။ မျက်လုံးတွေကိုပြန်ပြီး ဖွင့်ကြည့်မယ်လုပ်တော့ ကျွန်တော်အိပ်ရာကမနိုးသေးတာ ပြန်ပြီး သတိ ရလာတယ်။ ဒါမှမဟုတ် ကျွန်တော်အိပ်မက်မက်နေတာ သတိရလာ တယ်။ ဒါမှမဟုတ်ကျွန်တော်မအိပ်ရသေးတာ သတိရလာတယ်။ ကဗျာရေးချင်စိတ်ပြင်းပြလာတဲ့အတွက် အ ပြာရင့်ရောင်ပေါ်မှာ လက်ညှိုးနဲ့ရေး ခြစ်ချလိုက်တယ်။
“ပုစဉ်းတစ်ကောင်ရဲ့မနက်ခင်း နဲ့ တိမ်အသစ်တွေ ဝါးမျိုကြည့်ရအောင် မျက်ခုံးတန်းတန်း ပင်လယ်ကွေ့အစပ်မှာ ရေကြည်တစ်စက်ချုံငြိနေသလိုမျိုး ဖန်မီးအိမ်အဟောင်း တစ်စင်းရဲ့ အလင်းနဲ့ ငါ့အိပ်မက် တွေကို ဘက်ဂီယာထိုးကြည့်မယ်”
ကျွန်တော့်ကဗျာကို ၃၂ ခေါက်တိတိ ကျွန်တော်ပြန်ဖတ်ပြီးတဲ့အခါ မှာ ကဗျာထဲက အရသာတချို့ကို ရှာတွေ့တယ်။တောအရသာတွေ့တယ်။မြစ်အရသာတွေ့တယ်။ ရှေးဟောင်း အရသာတွေ့တယ်။ မြို့အရသာတွေ့ တယ်။ ညအရသာတွေ့တယ်။
အရသာအားလုံး ခံစားပြီးတော့ အပြာရောင်ပြင်ကို လက်ဝါးနဲ့တစ်ချက်သပ်လိုက်တယ်။ ရုပ်ရှင်ပိတ်ကားပေါ်ကစကားလုံးတွေ တစ်လုံး ချင်း ပျောက်သွားသလိုမျိုး ကဗျာစာ သားတွေ ပျောက်သွားတာကိုကြည့် ပြီး ကျွန်တော်ပြုံးနေလိုက်တယ်။ကဗျာဆိုတာ ရှိခြင်းတစ်ခုထဲကနေ ဖြစ်ခြင်းတစ်ခုဆီကို ကဗျာဆရာဆိုတဲ့ လူတန်းစားက သယ်ယူပို့ဆောင်ပေး တာပဲလို့ ကျွန်တော် နားလည်လိုက်တယ်။
အပြာရင့်ရောင်လွင်ပြင်ပေါ်မှာ စိတ်နဲ့ ပုံတစ်ခုဆွဲလိုက်တော့ စိတ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာရပ်တည်နေတဲ့ သွားတက်ကလေးတစ်ခု အ ထင်းသားပေါ်လာတယ်။ တကယ်တော့အဲဒီသွားတက်ချွန်ချွန်နဲ့ကောင် မလေးဟာ ငါ့ကောင်းကင်ပါပဲ။သူမ မှာ ချိုင့်နေတဲ့မေးစေ့(မေးစေ့နှစ်ထပ်လို့လဲ ခေါ်ကြတယ်)လေး ကအစ အာရုံပြုလိုက်တိုင်းကြည်နူး ပီတိဖြစ်မိတယ်။
“ရှင် နိုးပြီလား”
“မင်းရဲ့အကြောင်း တွေးမိတဲ့ အချိန်တိုင်း ငါအမြဲနိုးပါတယ်။ ငါ့ရင်ခုန်သံတွေဟာ ဘယ်တော့မှအိပ်စက် နေမှာမဟုတ်ပါဘူး။ ငါ့အသွေးအ သားတွေထဲမှာ မင်းရဲ့ပုံတူရုပ်တုတစ် ခုကို ထုဆစ်ထားတယ်။ ငါအခုအိပ်ရာက ကြည်ကြည်လင်လင် နိုးခဲ့ပြီ။ မင်းကို ချစ်မိတဲ့နေ့ကစပြီး လူ့အဖြစ်ကိုပြန်လည်ရရှိလာခဲ့ပြီ။ ဟုတ်တယ်။ လူဆိုတာ ချစ်ခြင်းမေတ္တာရဲ့တန်ဖိုး ကိုသိပြီး အဲဒီတန်ဖိုးကိုတန်ဖိုးထား တတ်တဲ့သတ္တဝါပဲ”
“ရှင့်ကို ကျွန်မ ချစ်ပါတယ်”
“ချစ်တယ်ဆိုတဲ့စကားက ချစ်ခြင်းမေတ္တာအတွက်တော့ မရှိမဖြစ်လိုအပ်ချက်တစ်ခုတော့မဟုတ်ဘူး။ချစ်ခြင်းမေတ္တာက ချစ်နေရခြင်း အတွက် သီးသန့်တည်ရှိနေမှုပဲ။ ချစ်တယ်လို့ပြောမှ ချစ်သူတွေအဖြစ်ကို ရရှိပိုင်ဆိုင်ကြတယ်ဆိုတာ လောက ဖြစ်စဉ်တစ်ခုပဲ။ စာမေးပွဲအောင်စာ ရင်းထွက်သလိုမျိုး စာရွက်ပေါ်က အ မည်နာမတစ်ခုဟာ အတန်းတင်စနစ်ရဲ့အသက်ပဲ။ ချစ်တယ်ဆိုတာက လည်း ချစ်သူတွေအဖြစ်ကို အဆင့် မြှင့်ပေးလိုက်တဲ့ အောင်စာရင်းတစ်ခုပဲမဟုတ်လား။ မလိုအပ်တာမဟုတ် ပါဘူး။ အတိုင်းအတာတစ်ခုအထိတော့ လိုအပ်ပါတယ်။ ငါကတော့ ချစ်တယ်ဆိုတဲ့စကားကို အောင်စာ ရင်းတစ်ခုလိုမကြည့်ချင်ဘူး။ ငါက အချစ်ကို အဖြူရောင်လို့ ယုံကြည် တယ်”
“ဒါဆိုကျွန်မက ရှင့်ကိုချစ်တယ် လို့မပြောရဘူးလား။ ရှင်က ကျွန်မနဲ့ ချစ်သူအဖြစ်ကို မလိုလားတာလား”
“မဟုတ်ပါဘူးကွယ်။ လိုလား တာပေါ့။ မင်းနဲ့ပတ်သက်လာရင် မင်းရဲ့မျက်စောင်းလှလှလေးက အစ အပိုင်လိုချင်တာပေါ့။ မင်းနှုတ်က ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ မင်းက ငါ့ချစ်သူပါပဲ”
ကျွန်တော်မျက်လုံးအစုံကို ခ လုတ်နှိပ်ချလိုက်သည်။ အရောင်လဲ့ လဲ့နှင်းတချို့ တရိပ်ရိပ်တက်လာပြီး ကောင်းကင်ကို ပြေးကပ်သွားကြ သည်။ နှင်းထုများကြားတွင် ဘယ်အရာမှ အပျောက်မခံနိုင်။ သူမ မသိ ခင် ကျွန်တော့်ကောင်းကင်ကို ပင်လယ်အဖြစ် ထွင်းထုပစ်လိုက်သည်။အခုတော့ သူမသည် ကျွန်တော့် ပင်လယ်ပြင်ကျယ်ကြီး ဖြစ်နေခဲ့ပြန်သည်။
“ပင်လယ်ကမ်းစပ်ကို မင်း ရောက်ဖူးလား”
မမြင်ဖူးတဲ့သတ္တဝါတစ်ကောင် ကိုမြင်နေသလိုမျိုးကြည့်နေတဲ့ သူမ ရဲ့မျက်လုံးတွေကိုလက်မနဲ့လက်ညှိုး ကြားမှာညှပ်ပြီး အသာလေး မယူ လာခဲ့တယ်။ ဖန်ကွဲစတွေနဲ့တည်ဆောက်ထားတဲ့ တံတိုင်းရဲ့အဝင်အဝက မီးလုံးထဲမှာ ခဏထည့်ထား လိုက်တယ်။ ပင်လယ်ဆီကနေ လေ စိမ်းတွေ ဒလဟောတိုက်လာတော့ သူ့မျက်လုံးတွေကို လက်နဲ့ကာပေး လိုက်တယ်။မျက်လုံးတွေပိတ်သွားလို့ မဖြစ်ဘူး။တစ်ဘဝလုံးမှောင်နေတော့ မယ်ဆိုတာကို ကျွန်တော်မလိုလား ဘူး။
“ကျွန်မမျက်လုံးတွေ ပြန်ပေးပါ့ လား”
ချိုင့်ဝင်နေတဲ့ သူမရဲ့မျက်လုံးတွေနေရာမှာ ကျွန်တော့်မျက်လုံးတွေတပ်ပေးလိုက်တယ်။ ပြီးတော့မှ သူမရဲ့မျက်လုံးတွေကို ကျွန်တော့်ရဲ့ မျက်လုံးနေရာမှာ တပ်ဆင်လိုက်တယ်။ ရည်ရွယ်ချက်ကတော့ ကျွန်တော်သူမကိုမြင်သလိုမျိုး သူမကျွန်တော့်ကိုမြင်စေချင်တယ်။ သူမကျွန်တော့်ကိုမြင်သလိုမျိုးလည်း ကျွန်တော် သူမကို မြင်ကြည့်ချင်တယ်။ အမြင်ချင်းဖလှယ်တဲ့သဘောပေါ့။
“မျက်လုံးဆိုတာကရော ဘာ လဲ။ မံသဆိုတဲ့ သိစိတ်မဲ့ရင် ဘာမှ မမြင်နိုင်တော့တဲ့အရာကို ပြောတာ လား။ စိတ်ရဲ့ပြတင်းတံခါးတွေကိုပြောတာလား။ မကြာမကြာအနား ပေးရတဲ့အစိတ်အပိုင်းကို ပြောတာ လား။ မြင်ရုံနဲ့မမှန်တဲ့အသိဥာဏ်ကိုပြောတာလား”
“ကျွန်မ မသိဘူး”
“မင်းမသိရင် ငါပြောပြမယ်”
ကျွန်တော်အဲဒီလိုပြောရင်း သူမအနားကို တိုးကပ်လိုက်တယ်။သူမဆီက လေးညှင်းနံ့နည်းနည်း ရလိုက်တယ်။ လေးညှင်းနံ့တွေ မခံ နိုင်တဲ့ အကြောင်း မဆီမဆိုင်ပြော ဖြစ်တယ်။ ကြက်သွန်ဖြူစားသင့်တဲ့ အကြောင်းပြောမလို့ စဉ်းစားပြီးမှ ကြက်သွန်ဖြူနံ့မကြိုက်မှန်းပြန်သတိ ထားမိလာတယ်။
“ကျွန်မမျက်လုံးတွေပြန်ပေးမှာ လား”
“ကျွန်တော့်မျက်လုံးတွေရော ပြန်ပေးမှာလား”
ကျွန်တော်စဉ်းစားနေတယ်။ ကျွန်တော်အခုတကယ်ပဲအိပ်ပျော်နေတာလား၊ တကယ်ပဲ အိပ်မက်မက်နေတာလား၊ ဒါမှမဟုတ် ဒါတွေက တကယ်ပဲဖြစ်ပျက်နေတာလား၊ ကျွန်တော်စဉ်းစားနေတယ်။ စဉ်းစားတယ် ဆိုတာကရော ဘာလဲလို့ဆက်ပြီး စဉ်းစားဖြစ်သေးတယ်။ စဉ်းစားနေ ဆဲမှာပဲ ရေသူမမျက်နှာပိရမစ်ထဲက ခရုလေးတွေဆီက အပြာရောင်တွေ ထွန်းတောက်လာတယ်။ ကျွန်တော်ရယ်၊ သူမရယ်၊ သူမမျက်လုံးတွေရယ် အားလုံး အပြာရောင်ထဲနစ်ဝင်ပျောက်ကွယ်သွားကြတယ်။
ကျွန်တော်ကတော့ သူမရဲ့မျက်လုံးတွေ တကယ်ပဲ ကျွန်တော်ပိုင်ဆိုင်ခဲ့တာလားဆိုတာ ဆက်ပြီးစဉ်း စားရင်းနဲ့ပေါ့။ တကယ်တော့ ကျွန်တော်အိပ်မက်မက်နေတာပဲဖြစ်မှာ ပါ။
“ကျွန်မမှာ ရှင့်အတွက် စိတ်ဆင်းရဲစရာက လွဲလို့ ဘာမှ ပေးစ ရာ မရှိတော့ပါဘူး ရှင်ရယ်”
…ဘာမှမရတာထက်စာရင် စိတ်ဆင်းရဲစရာတွေ ရနေတာက လည်း ပျော်စရာ…ငရဲမှာ ခံရတဲ့ ဝဋ်ဒုက္ခတွေ အကြောင်းကြားသိရ တုန်းက ငရဲဆိုတာကိုအလွန်ကြောက်ခဲ့ဖူးတယ်။ နတ်ပြည်က နတ်တွေရဲ့ လူတွေအပေါ်မြင်တဲ့အမြင်ကို သိ လာတဲ့အခါ ငရဲဆိုတာကိုမကြောက်တော့ဘူး။ ဘယ်ဝေဒနာပဲဖြစ်ဖြစ် ခံရဖန်များလာရင် ကျင့်သားရသွား မှာပဲလို့ငါပြောတော့။ မိစ္ဆာ ဒိဋ္ဌိတဲ့…။
အဝေးက လွမ်းနေရတာထက်စာရင် ဓားပါးပါးပေါ်နှလုံးသား ဖိကပ်ပြီး ခပ်ဆတ်ဆတ်ကလေး ဖိချလိုက်တာကမှ ခံသာပေလိမ့်ဦး မယ်။ ရှင်နေလျက်နဲ့ ဆုံနိုင်ခွင့် သေဆုံးနေတဲ့ဆံပင်တွေထဲမှာ ချစ်ဖူးတဲ့အိမ်တွေ တံခါးပိတ်နေတော့…တားနေတဲ့ကြားကပဲ သတိရ စိတ်က တံခါးလာလာခေါက်တယ်။ မျက်လုံးထဲဖြတ်စီးတဲ့မြစ်ပြင်မှာ ကောင်မလေးပုံရိပ်တွေ လူးလွန့် လို့…။
…အရိပ်ရှည်ရှည် လက်ပြင်ကိုင်းကိုင်း တိမ်သားတွေရဲ့အနား သတ်မှာ ကောင်မလေးရဲ့အပြုံး တစ်ပွင့် ချိတ်ဆွဲလင်းလက်နေတယ်… မျက်လုံးတွေကို စက်ထဲထည့်ပြီးရစ်ကြည့်လိုက်တဲ့အခါ နေလောင်ထားတဲ့ ခရမ်းရောင် အချိုရည်တစ်ခွက် ပေါလောမျောလာတယ်… မျက်နှာကြောတင်း ကော်ဖီတစ်ခွက်ရဲ့အပြုံးနဲ့ စိတ်ကူးဟာ ကိုင်းဖျား ကိုင်းနားမှာရပ်တန့်သွားတယ်။ထိုအဆုံး၌ ရပ်တန့်နေသောအရောင် မဲ့ ကောင်မလေးတစ်ယောက် …။
ထိုကောင်မလေးသည် အခန်း လွတ်ထဲသို့ြေ<ွကကျလာသော ပန်း သီးတစ်လုံးဖြစ်သည်။ကျွန်တော်သည် သူနင်းချလိုက်သော သစ်ကိုင်း စိုစိုတစ်ကိုင်းသာ ဖြစ်သည်။
ယံဇငြိဏ်း
မှတ်ချက်။ ပန်းသီးပင်အောက်တွင် ကျွန်တော်ထိုင်နေသည်။