Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeArticlesတိုင်းပြည်သေဖို့ အနာဂတ်တစ္ဆေ ခြောက်နေတဲ့...

တိုင်းပြည်သေဖို့ အနာဂတ်တစ္ဆေ ခြောက်နေတဲ့ သက်ငယ်မုဒိမ်း

မုဒိမ်းမှုကျုးလွန်တဲ့အပြင် လူကိုပါ သတ်ဖြတ်သွားတဲ့ သတင်းတွေ အများကြီး ကြားသိနေရပါတယ်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်က အသက် ၁ဝ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူ မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရက လူမဆန်စွာသတ် ဖြတ်ခြင်းခံရတဲ့သတင်းကြားသိရပြီး ၃ ရက်အကြာ ဖေဖော်ဝါရီလ ၂၈ ရက် နေ့က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ နှစ်ဦး(တစ်ဦးကအသက် ၃၇ နှစ်၊ နောက်တစ်ဦးက အသက် ၅၈ နှစ်)ကို ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နယ် ရဲတပ်ဖွဲ့ကဖမ်းဆီးမိပြီလို့ သိ ရပါတယ်။

သက်ငယ်မုဒိမ်းကောင်တွေ ဟာ အနာဂတ်တိုင်းပြည်ခေါင်း ဆောင်တွေ မွေးထုတ်ပေးမယ့် သမီး ပျိုတွေကို ခုလိုလူမဆန်စွာယုတ်မာ ရိုင်းစိုင်းစွာ သားသမီးချင်း ကိုယ်ချင်း မစာနာဘဲ မုဒိမ်းကျင့်သတ်ဖြတ်ခြင်း က တိုင်းပြည်သေတာပဲ။ မိခင် လောင်းတွေသေတာပဲ။ တရားဥပဒေ စိုးမိုးမှုသေတာပါပဲ။ အသေဆိုးနဲ့ သေရ ဘဝတွေ။

တိုင်းပြည်မှာ မလုံခြုံမှုတွေ ဖြစ်လာပြီလား။ ပြည်သူ လူထုကိုကာကွယ်ပေးမယ့် တရား ဥပဒေစိုးမိုးမှုရှိသင့်ပါပြီ။ မုဒိမ်းကျင့် အသတ်ခံရတဲ့ သမီးလေးသာ ကျွန်တော်တို့သမီးလေး၊ တူမလေး၊ ညီမလေးသာဆိုရင် ဘယ်လိုခံစား နေရမလဲ။ ကျန်ရစ်သူမိသားစုတွေ ရဲ့ မျက်ရည်တွေကို ဘယ်လို နှစ်သိမ့် ပေးနိုင်မလဲ။ သမီးလေးအတွက် ကျွန်တော်တို့ဘာတွေ လုပ်ပေးနိုင် မလဲ။ မုဒိမ်းမှုတွေ တစ်နေ့တခြား များပြားလာ တာ၊ တစ်နှစ်ထက် တစ်နှစ် လျော့မသွားဘဲ တိုးလာတာ ဟာ ဘာကြောင့်လဲ။ လူမှုဘဝတွေ လွတ်လပ်ပွင့်လင်းလာလို့လား၊ မူး ယစ်ဆေးဝါးတွေပေါများလာလို့လား၊ အင်တာနက် ဖေ့စ်ဘုတ်ခ်မှာ အပြာ ကား၊ အပြာဇာတ်လမ်း၊ မိန်းကလေး တွေရဲ့ ဟိုပေါ်ဒီပေါ်ပုံတွေ လွယ်ကူစွာ ကြည့်ခွင့်ရနေလို့လား။ မေးခွန်းတွေ များစွာအတွက် အဖြေကို အမြန်ဆုံး ရှာတွေ့ဖို့ မျှော်လင့်မိပါတယ်။

တိုင်းပြည်ရတနာ သမီးပျိုလေး တွေအတွက် အကာအကွယ်ပေးဖို့ လိုအပ်နေပါပြီ။ မုဒိမ်းမှုကျုးလွန်သူ တွေကိုလည်း ထိထိရောက်ရောက် အပြစ်ပေးဖို့၊ လိုအပ်နေပါပြီ။

မုဒိန်းကောင်တွေကို ဖမ်းမိပြီတဲ့ သမီးလေးရေ…သမီးလေးအသတ်ခံ ရတာမတန်ဘူး။ သမီးလေးမုဒိမ်းကျင့် ခံရတာမတန်ဘူး။ တစ်ယောက်က ၃၇ နှစ်၊ တစ်ယောက်က ၅၈ နှစ်၊ သူတို့  မျက်နှာသေချာကြည့် နောင် တရတာ လုံးဝမရှိ။ ပြစ်မှုကျုးလွန် တာ ထမင်းစားရေသောက် အဆင့် သဘောထားတာ။ ဒါကြောင့် သမီး လေးရေ.. တမလွန်ဘဝက မြင်နေ ကြည့်နေမယ့် သမီးလေးအတွက် တရားမျှတမှု ရရှိပါစေလို့သာ ဆု တောင်းပေးလိုက်ပါတယ်။
သမီးလေးရေ .. ကောင်းရာ ဘုံဘဝ ရရှိခံစားရပါစေ။ ပြုသမျှ ကုသိုလ်
အမျှ အမျှ အမျှ၊
အမျှ အမျှ အမျှ၊
အမျှ အမျှအမျှ။

လေးစားစွာ
ညိုသစ်ငယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071