Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsတိုင်းရင်းသူ တစ်ယောက် ဖြစ်တာကြောင့်...

တိုင်းရင်းသူ တစ်ယောက် ဖြစ်တာကြောင့် လူမှု ဆက်ဆံရေးပိုင်းမှာ ပွင့်ပွင့်လင်းလင်း ရှိပါတယ် အလှမယ် အိနုဝေ

Miss Myanmar World 2017 ပြိုင်ပွဲမှ တစ်ဆင့် ပရိသတ် အားပေး မှု ရရှိလာတဲ့ အလှမယ် အိနုဝေကတော့ လက်ရှိမှာ သူမဝါသနာပါတဲ့ Modelling ပိုင်းကို သေသေချာချာ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ လတ်တ လောမှာသူမက Show  ပွဲတွေလျှောက်ဖြစ်နေပြီး MTV တစ်ခုရိုက်ကူးဖို့ လက်ခံထားကြောင်းလည်းသိရပါတယ်။ Modelling ပိုင်းကိုသေချာစွာ လုပ် ကိုင်နိုင်ဖို့ လေ့လာသင်ယူနေတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။

“ညီမခုလက်ရှိကတော့ Modellingပိုင်းကိုသေသေချာချာလုပ်သွား မှာဖြစ်တဲ့အတွက် Modelling ပိုင်းနဲ့ ပတ်သက်တာတွေ အားလုံးကိုလေ့ လာသင်ယူနေပါတယ်။ လမ်းလျှောက်တာတွေ၊ နေတာထိုင်တာတွေကအစ ညီမလေ့လာ သင်ယူနေပါတယ်။ မော်ဒယ်တစ်ယောက်က အဆီပို မရှိရင် ပိုလှ တယ်ပေါ့။ အဲ့ဒါကြောင့် အခုနောက်ပိုင်း အဆီပိုတွေ မရှိရအောင်လိွု့ပာ ကို အဓိကထားပြီး ဆော့ဖြစ်နေပါတယ်။ ပြီးတော့ အသီးအရွက် တွေလည်း များများစားဖြစ်တယ်။ နောက်ထပ် Miss ပြိုင်ပွဲတွေဝင်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာတော့ သေသေချာချာပြောလို့ မရသေးပါဘူး။ ပြိုင်ဖြစ်ရင်လည်း ပြိုင်မှာပါ။ မော်ဒယ်ပဲ ဖြစ်ဖြစ်၊ Miss ပဲဖြစ်ဖြစ် လှရမှာဖြစ်တဲ့အတွက် ညီမအလှအပပိုင်းကိုတော့ သေချာထိန်းသိမ်းနေပါတယ်” လို့ ပြောခဲ့ပါတယ်။ ပရိသတ်အားပေးမူနဲ့ Model အလုပ်တွေလုပ်နေပြီဖြစ်တဲ့ သူမကို သရုပ်ဆောင် လုပ်ဖြစ်မှာလားလို့ မေးမြန်းခဲ့ရာ .  . .

“သရုပ်ဆောင် အလုပ်ကျတော့ စလုပ်တဲ့သူတွေအတွက် တအား ခက်ခဲ တယ်။ ကြိုးစားပြီးလုပ်မယ်၊ ကြိုးစားပြီးသရုပ်ဆောင်မယ်ဆိုတော့ နောက် ပိုင်း အဆင်ပြေလာမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ညီမကသရုပ် ဆောင်နဲ့ Model ဆိုရင် Model ပိုင်းကို ပိုဝါသနာပါတဲ့အတွက် Model ပိုင်းကို သေသေချာချာ လုပ်သွားမှာပါ။ ကြော်ငြာတွေလည်း ရိုက်မယ်ပေါ့။ သရုပ်ဆောင်ပိုင်းကျတော့ အများကြီးလုပ်ဖို့ စီစဉ် ထားတာမရှိပါဘူး” လို့ ပြောပြခဲ့ပါတယ်။

ရခိုင် တိုင်းရင်းသူ တစ်ယောက်ဖြစ်တဲ့ သူမက တိုင်းရင်းသူ တစ် ယောက် ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးပိုင်းမှာ ပွင့်ပွင့်လင်းလင်း ရှိပါတယ်” လို့ ပြောလာတဲ့ အလှမယ် အိနုဝေက . . .

“ညီမက အနုပညာလောကကို စဝင်လာတော့ အခက်အခဲရယ်လို့ ထွေထွေထူးထူးမရှိပါဘူး။ ညီမရဲ့ ဆရာက လည်း ဆရာဂျွန်လွင်ဖြစ်တဲ့ အတွက် မော်ဒယ်တစ်ယောက်က ဘယ်လို နေရမယ်၊ ဘယ်လိုလုပ်ရ မယ်ဆို တာအကုန်သင်ကြားပေးတယ်။ စီနီ ယာအစ်မတွေကလည်း ညီမကို လက် တွဲခေါ်ကြတာရှိတယ်။ တစ်ခုရှိတာက ညီမက တိုင်းရင်းသူ တစ်ဦးဖြစ်တဲ့ အတွက် တစ်ခါတလေ စကား မပြော တတ်တာ တွေရှိတယ်။ စကား မပြောတတ် ဘူးဆိုတာက လူမှု ဆက်ဆံရေးမှာ ပွင့်ပွင့်လင်း လင်းပြောတတ်တယ်။ တခြား တော့ အခက်အခဲသိပ်မရှိပါဘူး” လို့ လည်းပြောပြခဲ့ပါတယ်။

 ဇော်ဝင်းအောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071