Friday, January 17, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...
HomeNewsLocal Newsတုပ်ကွေးရောဂါအမျိုးမျိုး ဖြစ်ပွားနေ၍ ကိုဗစ်ကာကွယ်ဆေး...

တုပ်ကွေးရောဂါအမျိုးမျိုး ဖြစ်ပွားနေ၍ ကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအကြိမ်ထိုးနှံမှု(၆) လပြည့်ပြီးသူတိုင်း ထပ်ဆောင်းကာကွယ်ဆေးထိုးကြပါ

လတ်တလောတွင် တုပ်ကွေးရောဂါအမျိုးမျိုး မကြာခနဖြစ်ပွားမှုများရှိနေသည့်အတွက် ထပ်ဆောင်းကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောကြားသည်။  

“ကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးထားပြီး (၆) လပြည့်ပြီးသူ မည်သူမဆို ကျန်းမာရေးဌာနတွေမှာ ထပ်ဆောင်းကာကွယ်ဆေး လာထိုးလို့ရပါတယ်။ အကြိမ်ရေ ဘယ်လောက်ရယ်လို့ မသတ်မှတ်ထားပါဘူး။ ခြောက်လကျော်ပြီးတာနဲ့ ထိုးပေးမှာပါ။ လတ်တလော တုပ်ကွေးအမျိုးမျိုးကလည်း ဖြစ်နေကြတော့ ဆေးထိုးထားရင် ကာကွယ်နိုင်တာပေါ့။ တုပ်ကွေးဆိုတဲ့သဘောက ဆေးရဲ့အာနိသင်က ခြောက်လ၊ တစ်နှစ်ပဲ ခံတဲ့အတွက် ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ လိုပါတယ်” ဟု ဒေါက်တာ ဌေးလွင်က ပြောသည်။

ထပ်ဆောင်းကာကွယ် ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်းစေနိုင်ခြင်း ( အထူးသဖြင့် နာတာရှည် ရောဂါ ခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ)၊ ရောဂါ၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုမှ အသက်အန္တရာယ်ဆုံးရှုံးမှု ဖြစ်သည်အထိ ဖြစ်ပေါ်ခြင်းမှ လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေအနေများကြောင့် အသက်ငါးနှစ်နှင့်အထက်ရှိသော ပြည်သူများအားလုံး ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( ပထမအကြိမ်၊ ဒုတိယ အကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေ သွားရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ကိုဗစ် – ၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်တွေ့ရှိနေရသော်လည်း ကူးစက်မှုနှုန်း ကျဆင်းနေပြီဖြစ်သည့်အပြင်ရောဂါပြင်းထန်မှုအခြေအနေ လျှော့နည်းလာ‌ခြင်းကြောင်း စိုးရိမ်ရမည့်အ ခြေအနေမဟုတ်ကြောင်းလည်း သိရသည်။

‘’ ကိုဗစ်-၁၉ နဲ့ ပတ်သက်ရင် ရန်ကုန်တိုင်းက တစ်နေ့ကို နှစ်ဦး၊ သုံးဦးက ပုံမှန်ဆိုသလို စစ်တဲ့အထဲမှာ တွေ့တယ်။ ကျန်တာတွေကတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေကလာတဲ့ ဓာတ်ခွဲနမူနာတွေကို စစ်လို့တွေ့တဲ့ ရလဒ်တွေပါ။ သူလည်း ပုံမှန်တုပ်ကွေးလိုပဲ များများစစ်ရင် များများတွေ့နိုင်တယ်။ တွေ့ပေမယ့်လည်း ရောဂါက ပြင်းထန်မှုမရှိဘူးဆိုရင်တော့လည်း ပြဿနာမရှိပါဘူး။ လတ်တလောအနေအထားအရဆိုရင် ကိုဗစ်က စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် ကိုဗစ်ကတော့ စောင့်ကြပ်ကြည့်ရှုနေရတဲ့ ရောဂါထဲမှာတော့ ပါနေတုန်းပါပဲ” ဟု ဒေါက်တာဌေးလွင်က ပြောကြားသည်။

ဇူလိုင်လအတွင်း တစ်နိုင်ငံလုံး၌ ကိုဗစ် – ၁၉ ပိုးတွေ့ရှိမှုအခြေအနေအရ ဇူလိုင်လ (၁) ရက်တွင် (၃၁) ဦး၊ ဇူလိုင်လ (၂) ရက်တွင် (၂၂) ဦး၊ ဇူလိုင်လ (၃) ရက်တွင် (၂၀) ဦး၊ ဇူလိုင်လ (၄) ရက်တွင် (၃၆) ဦး၊ ဇူလိုင်လ (၅) ရက်တွင် (၆၁) ဦး၊ ဇူလိုင်လ (၆) ရက်တွင် ပိုးတွေ့လူနာသစ် (၈၃) ဦး၊ ဇူလိုင်လ (၇) ရက်တွင် (၂၂) ဦး၊ ဇူလိုင်လ (၈) ရက်တွင် (၁၉) ဦး၊ ဇူလိုင်လ (၉) ရက်တွင် (၂၂)ဦးနှင့် ဇူလိုင်လ (၁၀) ရက်တွင် (၄၄) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071