Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeInternationalတုကီယေးငလျင်ကြောင့်သေဆုံးသူများအား မြှုပ်နှံရန်ပင်အခက်အခဲဖြစ်နေဟုဆို

တုကီယေးငလျင်ကြောင့်သေဆုံးသူများအား မြှုပ်နှံရန်ပင်အခက်အခဲဖြစ်နေဟုဆို

ပါဇာဆစ်ခ်၊ဖေဖော်ဝါရီ ၁၈

တုကီယေးနိုင်ငံ ပါဇာဆစ်ခ်မြို့၌ လွန်ခဲ့သော ၁၁ ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျင်ကြောင့် ယခင်ကဘောလုံးကွင်းသည် ယခုအခါသေဆုံးသူများမြှုပ်နှံရာ သုဿန်အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး အမှိုက်ပုံများ၊အပျက်အစီးများနှင့်ပြည့်နှက်နေခဲ့သည်ဟုဖော်ပြထားသည်။

“သေဆုံးသွားတဲ့ကျွန်မတို့ရဲ့ဆွေမျိုးတွေကိုမြှုပ်နှံနိုင်ဖို့အတွက် ရုပ်အလောင်းပြန်ရဖို့ဆယ်ရက်လောက်စောင့်လိုက်ရပါတယ်” ဟု ၎င်း၏တူမ၊ တူမ၏ခင်ပွန်းနှင့် ကလေးနှစ်ယောက်အား မြှုပ်နှံသင်္ဂြိုဟ်ပေးနေသည့်အမျိုးသမီးတစ်ဦးကပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျင်ကြောင့် တုကီယေးနှင့်၎င်း၏အိမ်နီးချင်းဆီးရီးယား၌ ယနေ့အချိန်ထိလူပေါင်း ၄၃,၀၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။သေဆုံးသူများအား အစ္စလာမ်ဓလေ့ထုံးတမ်းအတိုင်း သင်္ဂြိုဟ်နိုင်ရန်ပြင်ဆင်ထားပြီး ရုပ်အလောင်းများမှာလည်း ပုံလျက်ရှိနေကာ မွတ်စလင်ဘာသာရေးဆရာတစ်ဦးက ဓလေ့ထုံးတမ်းအတိုင်း သင်္ဂြိုဟ်ပေးနိုင်ရန်အဆင်သင့်စောင့်ဆိုင်းနေသည်။

လူများသည်မိမိတို့၏ဆွေမျိုးများအား သင်္ဂြိုဟ်နိုင်ရန် ရုပ်အလောင်းများအား အိတ်များနှင့်သင်္ချိုင်းသို့ဦးစွာသယ်ဆောင်သွားကြပြီး ရုပ်အလောင်းများမြှုပ်နှံရန်မြေတူးနေသံများနှင့် ထုံးတမ်းစဉ်လာနှင့်အညီပြိုင်တူဆုတောင်းရွတ်ဆိုသံများလည်းဆူညံနေခဲ့သည်။

အစ္စလာမ်ထုံးတမ်းစဉ်လာအရ သေဆုံးသူများအား မြန်နိုင်သမျှမြန်မြန်မြှုပ်နှံရမည်ဖြစ်သည်။သို့သော်လက်ရှိအခြေအနေနှင့်ရုပ်အလောင်းများအား အပျက်အစီးများအောက်မှပြန်လည်ရရှိရန်ခက်ခဲနေမှုများကြောင့် ဓလေ့ထုံးတမ်းများသည်လည်း အခြေနေအရပြောင်းလဲနေပြီဖြစ်သည်ဟု ဘာသာရေးအကြီးအကဲတစ်ဦးကပြောကြားခဲ့သည်။

ရုပ်အလောင်းများအား မြှုပ်နှံရန်အချို့နေရာများ၌ အခက်အခဲရှိနေသဖြင့် သေဆုံးသူများအား မိမိတို့ဆွေမျိုးသားချင်းဖြစ်ကြောင်းအတည်ပြုပြီးပါက အခြားမြို့နေရာများသို့ရွှေ့ပြောင်းသင်္ဂြိုဟ်ရသည်အထိဖြစ်လာခဲ့သည်။

အသက်ရှင်ကျန်ရစ်သူအများအပြားသည်လည်း မိမိတို့ဆွေမျိုးများ၏ရုပ်အလောင်းများအား သင်္ဂြိုဟ်ခွင့်ရရန်ရှာဖွေစောင့်ဆိုင်းနေကြပြီး သောကြာနေ့ကမူ တုကီယေးတစ်နိုင်ငံလုံးမှ လူထောင်ပေါင်းများစွာသည် ယနေ့အချိန်အထိအပျက်အစီးများအောက်မှမသယ်ထုတ်နိုင်သေးသော သေဆုံးသူများအတွက် စုပေါင်းဈာပနတစ်ခုကိုလည်းပြုလုပ်ပေးခဲ့ကြသည်ဟုသိရသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိ

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်စင်သည် ဘုရားလှစေတီတော်ကြီး၏ တနင်္ဂနွေထောင့် အရှေ့မြောက်ထောင့်တွင်တည်ရှိပြီး ပြီးခဲ့သည့် (၇) ရက်ခန့်ကစပြီး ခေါင်းလောင်းစင်အဆောက်အဦးကို အလှူရှင်တစ်ဦးက ပြန်လည်ပြုပြင်နေပြီး ကြေးခေါင်းလောင်းကြီးကိုလည်း ရောင်တော်ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းပေါ်တွင်  "သက္ကရာဇ် ၁၃၀၀ ခု တပို့တွဲလဆုပ် (၁) ရက် (၄.၂.၃၉) စနေနေ့ ၊ မုံရွာမြို့မြို့မင်းကြီး ဦးဘိုးအို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ကာ သြဝါဒါစရိယဆရာတော်ကြီး(၇)ပါး၊ သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါး၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ဆရာတော်(၂)ပါး၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစ ကစာချဆရာတော်(၂၀)ပါး၊ ဓမ္မာစရိယသုံးကျမ်းပြီး သာသနဓဇဓမ္မာစရိယဘွဲ့ရ(၂၉)ပါး၊ (၂)ကျမ်းအောင် (၂၅)ပါး၊ (၁)ကျမ်းအောင်(၂၂)ပါး၊ ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁၁)ပါး၊  ပထမငယ်တန်းအောင်(၄)ပါးနှင့် အခြေပြုမူလတန်းအောင် (၁၁)ပါးကြွရောက်တော်မူခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂုဏ်ပြုအလှူတော်ငွေများကို...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ပြီးဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (၃)ကို မကြာမှီစမ်းသပ်လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြုသံရည်ကျိုအလုပ်ရုံတွင် တပ်ဆင်ထားသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များစစ်ဆေးပြီးသည့်အပြင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ဖေဖော်ဝါရီ ၁၆ ရက်က စက်ရုံသို့သွားရောက်ပြီး အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံတွင် စက်များစမ်းသပ်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071