Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeInternationalတိုယိုတာမှ အမေရိကနှင့်ဂျပန်တို့တွင် EV...

တိုယိုတာမှ အမေရိကနှင့်ဂျပန်တို့တွင် EV ဘက္ထရီများထုတ်လုပ်ရန် ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံရင်းနှီးမြှုပ်နှံမည်

တိုယိုတာမှ အမေရိကနှင့်ဂျပန်တို့တွင် EV ဘက္ထရီများထုတ်လုပ်ရန် ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံရင်းနှီးမြှုပ်နှံမည်

တိုကျို၊ဩဂုတ် ၃၁

တိုယိုတာကုမ္ပဏီသည် ဂျပန်နှင့်အမေရိကတို့တွင် လျှပ်စစ်ကားများအတွက် ဘက္ထရီများတိုးချဲ့ထုတ်လုပ်ရန် ယန်း ၇၃၀ ဘီလီယံ (ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ) အထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

ကားကုမ္ပဏီကြီးသည် Panasonic Holdings နှင့် ဖက်စပ်လုပ်ကိုင်သည့် Prime Planet Energy & Solutions စက်ရုံနှင့်ဂျပန်နိုင်ငံရှိ Toyota ၏ကိုယ်ပိုင်စက်ရုံများတွင်ပါ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအနေဖြင့် ယန်း ၄၀၀ ဘီလီယံကို ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းသိရှိရသည်။မြောက်ကာရိုလိုင်းနားပြည်နယ်တွင် တည်ဆောက်မည့် ဘက္ထရီစက်ရုံအတွက်လည်း ယန်း ၃၂၅ ဘီလီယံသုံးစွဲမည်ဖြစ်သည်ဟုဆိုသည်။

၂၀၂၄ မှ ၂၀၂၆ ခုနှစ်အတွင်း ထုတ်လုပ်မှုစတင်ရန်ရည်ရွယ်ထားပြီး နှစ်နိုင်ငံပေါင်းလျှင်ဘက္ထရီထုတ်လုပ်မှုပမာဏသည် ၄၀ GWh အထိတိုးလာမည်ဖြစ်သည်ဟုဆိုသည်။

တိုယိုတာသည် EV ဘက္ထရီထုတ်လုပ်မှု သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ယန်းငွေ ၂ ထရီလီယံ မြှုပ်နှံရန်ရည်ရွယ်ထားကြောင်းကြေငြာထားပြီးဖြစ်သည်။ယခုအမေရိကနှင့်ဂျပန်တို့တွင် ရင်းနှီးမြှုပ်နှံမည့် ယန်း ၇၃၀ ဘီလီယံသည် အဆိုပါ ၂ ထရီလီယံရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း မြေယာနှင့်အဆောက်အအုံတော့မပါဝင်ဟုဆိုသည်။သို့သော် အသေးစိတ်အချက်အလက်များကို တိုယိုတာကထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ကုမ္ပဏီက ပြောကြားရာတွင် “ကျွန်တော်တို့သည် နိုင်ငံနှင့်ဒေသအားလုံးရှိဖောက်သည်များ၏လိုအပ်ချက်ကို စွမ်းအားပြည့်ဝစွာဖြည့်ဆည်းပေးပြီး တတ်နိုင်သမျှရွေးချယ်ခွင့်များ ပေးဆောင်မည်ဖြစ်ကာ ဒေသတစ်ခုစီ၌ EVs လိုအပ်ချက်ကိုဖြည့်ဆည်းရန် ထောက်ပံ့ရေးဖွဲ့စည်းပုံတည်ဆောက်မှုများကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်”  ဟုဆိုသည်။

EV များဆီသို့ကူးပြောင်းမှုများ အနည်းငယ်တိုးလာပြီး အမေရိကန်ပြည်ထောင်စု ကလီဖိုးနီးယားတွင်ပြီးခဲ့သည့်သီတင်းပတ်က ဓာတ်ငွေ့လောင်စာသုံးယာဉ်ရောင်းချမှုအားလုံးကိုရပ်တန့်ရန်စည်းမျဉ်းများကိုလည်း ပြီးခဲ့သည့်သီတင်းပတ်ကအတည်ပြုခဲ့သည်။

Honda Motor သည်လည်း တောင်ကိုရီးယားမှဘက္ထရီထုတ်လုပ်သည့် LG Energy Solution နှင့် အမေရိကတွင် လျှပ်စစ်ကားများအတွက် ဘက္ထရီစက်ရုံကို ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဖြင့်တည်ဆောက်မည်ဟု တနင်္လာနေ့ကကြေညာခဲ့သေးသည်။

Tokai  Tokyo Research Institute မှ ဆန်းစစ်လေ့လာသူ Seiji Sugiura ကမူ EV များထုတ်လုပ်ရန်စိတ်မပါဘဲ တုံ့နှေးနေသည့် ဂျပန်ကားထုတ်လုပ်သူများပင်လျှင် ၎င်းတို့၏ဘက္ထရီရင်းနှီးမြှုပ်နှံမှုများကို ပိုမိုရှင်းလင်းစွာအဓိပ္ပာယ်ဖွင့်ဆိုနေကြကြောင်းဆိုကာ Toyota ၏ကြေငြာချက်နှင့်ပတ်သက်၍မူ Honda ရဲ့ထုတ်ပြန်ချက်အပြီးမှာ Toyota ကဘာလုပ်မလဲဆိုတာ သိချင်နေတဲ့ရှယ်ယာရှင်တွေကို တုံ့ပြန်ဖို့ရည်ရွယ်တာဖြစ်နိုင်ပါတယ်” ဟုဆိုခဲ့သည်။

Source –နစ်ကေးအေးရှ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက် တာဝန်လွှဲပြောင်းပွဲနှင့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃)ကြိမ်မြောက်အစည်းအဝေးတို့အား ဇူလိုင် ၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ကျင်းပရာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်အား တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီး(ကိုယ်စား)လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့ လွှဲပြောင်းလက်ခံပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့်(၆)လတာကာလအတွင်း ကော်မတီ၏လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးပြီးအတည်ပြုခဲ့ကြသည်။

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု ဒေသတွင်းယာဉ်မောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယင်းအတွက် ဒေသတွင်းခရီးသွားများအနေဖြင့် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားလမ်းပိုင်းတစ်ခုဖြစ်သည့် နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြိး-မန္တလေးလမ်းပိုင်းများမှလည်း သွားလာနေကြရပြီး၊ ယခုလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျ-က်စီးနေသဖြင့် ထွန်စက်များဖြင့် ဆွဲနေရကြောင်း သိရသည်။ " တောင်ကြီးဘက်နဲ့ မိုးကုတ်ဘက် နှစ်လမ်းရှိတာပေါ့။ လမ်းအခြေအနေအရကတော့ ညအိပ်ရင်လည်း အိပ်ရနိုင်တယ်။ လမ်းကောင်းတယ် တိုက်ပွဲမရှိရင်တော့ နေ့ချင်းပေါက်နိုင်ပါတယ်"ဟု ရှင်းပြသည်။ ယနေ့...

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071