အမေရိကအနေဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ ရောက်ရှိ အောင်ပစ်ခတ်နိုင်သည့် တိုမာဟော့ခ်ဒုံးကျည်များကို ယူကရိန်းသို့ ပံ့ပိုးပေးမည်ဆိုပါက မော်စကိုနှင့် ဝါရှင်တန်၏ ဆက်ဆံရေးသည် ပျယ်ပြားသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။
“ဒီကိစ္စက ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ပျက်ပြားစေပါလိမ့်မယ်။ ဒါမှမဟုတ် အနည်းဆုံးကတော့ ဒီဆက်ဆံရေးကြောင့် အပြုသဘောဆောင်တဲ့ လမ်းကြောင်းတွေ ပျက်စီးသွားပါလိမ့်မယ်” ဟု တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ပူတင်က ပြောကြားထားသည်။
မြို့တော်မော်စကို အပါအဝင် ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်နိုင်သည့် တာဝေးပစ် တိုမာဟော့ခ်ဒုံးကျည်များ ကြိ ရလိုကြောင်း ယူကရိန်း၏ တောင်းဆိုချက်ကို ဝါရှင်တန်က စဉ်းစားနေသည်ဟု အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။
တိုမာဟော့ခ် ခရုဇ်ဒုံးကျည်များသည် အကွာအဝေး ၁,၅၅၀ မိုင်အထိရောက်ရှိနိုင်ပြီး ယင်းလက်နက်များကိုသာ ယူကရိန်းက ရရှိခဲ့မည်ဆိုလျှင် ခရမ္မလင်နှင့် ဥရောပ၊ ရုရှားနယ်မြေအားလုံးသည် ပစ်မှတ်အတွင်း ကျရောက်သွားမည်ဖြစ်သည်။
တိုမာဟော့ခ် ဒုံးကျည်များကို အမေရိကန်စစ်မှုထမ်းများ၏ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိဘဲ အသုံးပြုရန် မဖြစ်နိုင်ဟု ပူတင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သို့ဖြစ်၍ ထိုဒုံးကျည်များကို ယူကရိန်းသို့ ထောက်ပံ့မှုမှန်သမျှသည် လက်နက်အရည်အသွေးပိုင်းအရ အဆင့်သစ်တစ်ခုကို မြင့်တက်သွားစေလိမ့်မည်ဟု ပြောကြားခဲ့သည်။
Ref: တီအာတီဝေါလ်
