Saturday, November 15, 2025

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် (...

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု...

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ...

မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ...
HomeNewsLocal Newsတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဒီဇင်ဘာလအတွင်း သဘောတူညီချက်တစ်ခုရရှိနိုင်မည်ကိုမျှော်လင့်ဟု နစက...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဒီဇင်ဘာလအတွင်း သဘောတူညီချက်တစ်ခုရရှိနိုင်မည်ကိုမျှော်လင့်ဟု နစက ဥက္ကဋ္ဌပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်း ချမ်းရေးဆွေးနွေးနေမှုများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က နိုဝင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့သည့် နစက အစည်းအဝေး(၉/၂၀၂၂)တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးလျက်ရှိပါတယ် ဒီဇင်ဘာလအတွင်းမှာ သဘောတူညီချက်တစ်ခုရရှိနိုင်မှာကို မျှော်လင့်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား တွေ့ဆုံဆွေး နွေးရန်ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားလက်နက် ကိုင် ၁၀ ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ NCA လက် မှတ်ထိုးထားသည့် အဖွဲ့များပါဝင်သကဲ့သို့ လက် မှတ်ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့များလည်းပါဝင်သည်ဟု ပြောသည်။

“လာရောက်ဆွေးနွေးတဲ့ အဖွဲ့အားလုံးက ငြိမ်း ချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလိုတဲ့ သဘောထားတွေရှိတာကိုတွေ့ရှိရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပေါ်တွင်အခြေခံ၍ ဆွေးနွေးနေခြင်းဖြစ်ကာ ဆွေး နွေးချိန်အတွင်း ဥပဒေအရဆောင်ရွက်၍ရသည်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု ပြောသည်။

“အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးအရအ မြင့်ဆုံးရှိတဲ့ လွှတ်တော်ကိုတင်ပြရမှာဖြစ်ပါတယ် လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ သက်ဆိုင်ရာတိုင်း ရင်းသားကိုယ်စားလှယ်တွေ ပါဝင်ဖို့လိုအပ်တာကြောင့် သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်များအားလုံးမှာ ရွေးကောက်ပွဲတွေကျင်းပနိုင်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရမည်ဖြစ်ပြီး အဆိုပါ ကိုယ်စားလှယ်များအ နေဖြင့် တိုင်းရင်းသားအရေး၊ဒေသအရေးများကို စိတ်ပါဝင်စား၍ ဆွေးနွေးနိုင်သူများဖြစ်ရန်လို၍ တိုင်းရင်းသားများပါဝင်နိုင်ရန် PR စနစ်ဖြင့် ဆောင်ရွက်နိုင်သည်ကို ရှင်းလင်းပြောကြားခဲ့ခြင်းအား အချို့အဖွဲ့များက သဘောတူညီခဲ့ကြသည်ဟု ပြောသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ရင် ထိုက်သင့်သလောက် တိုးတက်မှုတွေရှိတာကိုတွေ့ရပါတယ် တချို့ တိုင်းရင်းသားဒေသတွေမှာ သန်း ခေါင်စာရင်းကောက်ယူခြင်းနဲ့နိုင်ငံသားမှတ်ပုံ တင်ပြုလုပ်ခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် မဲစာရင်းပြုစုခြင်း လုပ်ငန်းများအား အထောက်အကူဖြစ်စေပြီး လာမည့်အထွေထွေရွေးကောက်ပွဲတွင် ယခင်ရွေး ကောက်ပွဲများ၌ကျန်ရှိခဲ့သည့် တိုင်းရင်းသားဒေ သများ၌ပါ ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ပြောကြားခဲ့သည်။

ပုံစာ-နစကဥက္ကဋ္ဌနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံသည့်မှတ်တမ်းဓာတ်ပုံများ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်နေကြ၍ နိုင်ငံတော်၏ ဘက်စုံအကျိုးစီးပွားများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် “စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်”ကို နိုင်ငံသားတိုင်း၌ မရှိမဖြစ်ရှိနေကြရန်လိုအပ်သည်ဟု ပြောသည်။ မြန်မာစာပေ၊...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် ( MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ (၁၄) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ MEVM ကို ပြည်တွင်းနည်းပညာရှင်များ က ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး စက်၏ အရည်သွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးရန် အမျိုးသားစံချိန်စံညွှန်းကောင်စီကတင်ပြခဲ့ခြင်း ဖြစ်သည်။ ကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် (၂၀) ဦးဖြင့် ဖွဲ့စည်းပြီး MEVM...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲသို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တက်ရောက်ပြီးနောက် YMBA ၏ (၇၅) ကြိမ် မြောက်စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် မြန်မာဘာသာ (အကြီးတန်း)၊ ပအိုဝ်းဘာသာ (အကြီးတန်း)နှင့် မွန်ဘာသာ (အငယ်တန်း) တို့တွင် ပထမဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071