ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လှူသွားခဲ့ကြသည့် သူရဲကောင်းများဂုဏ်ပြုပွဲကို (၁၂) နှစ်မြောက်အဖြစ် ယနေ့ ဒီဇင်ဘာ ၇ ရက်နံနက် ၉ နာရီက နေပြည်တော်ရှိ သူရဲကောင်းဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။
တပ်မတော်ချစ်မြတ်နိုးသည့်အဖွဲ့များစုပေါင်း၍ ခေတ်အဆက်ဆက်တိုင်းပြည်အတွက် အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသူများအား ၎င်းတို့နှင့်ထပ်တူ တပ်မတော်ကိုချစ်မြတ်နိုးသူများက အမြဲတမ်းရှိနေကာ အမြဲတမ်းကျေးဇူးတင်ပြီး အမြဲတမ်းလေးစားနေသည်ဆိုသော ရည်ရွယ်ချက်များဖြင့်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သူရဲကောင်းများဂုဏ်ပြုပွဲ၌ ပြည်ထောင်စုကြီးငြိမ်းချမ်းစေရန် ရည်သန်ဆုတောင်းသညိ့ အစီအစဉ်ကိုလည်းထည့်သွင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
