ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့တို့တွင် ယနေ့ ဒီဇင်ဘာ ၁၈ ရက် (တစ်ရက်တည်း) ၌ပင် ကားမီးလေ-ာင်မှုအပါအဝင် မီးလေ-ာင်မှု (၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ရပ်ကွက် (၂) ရှိ လမ်းမကြီးပေါ်၌ ယနေ့ ဒီဇင်ဘာ ၁၈ ရက်နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က ကား (၁) စီး မီးလေ-ာင်မှုဖြစ်ပွား၍ ကျိုင်းတုံခရိုင်/မြို့နယ် မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၁၁ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၅ နာရီ ၂၅ မိနစ်ခန့်ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာ၊ သမိန်ဗရမ်းလမ်း၊ မြိုင်သာယာဈေးရှေ့တွင်မီးလေ-ာင်မှုဖြစ်ပွား၍ မြိုင်သာယာနယ်မြေ မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြရာ နံနက် ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ဧရာဝတီတိုင်း၊ မဓနုဖြူမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ (၇) လမ်းတွင် မီး လေ-ာင်မှုဖြစ်ပွား၍ ဓနုဖြူမြို့နယ် မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၂ နာရီ ၁၆ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
