နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါဝင် တိုင်းနှင့် ပြည်နယ်အနှံ့ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား ယမန်နေ့ မေ (၁၀)ရက် ညနေပိုင်းမှ မေ (၁၈) ရက်အတွင်း မိုးထစ်ချုန်းရွာပြီး အ ချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။
မေ (၁၀)ရက်၊ ညနေ (၄)နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ၊ မုတ်သုံလေဝင်ရောက်လာနိုင်ခြင်းနှင့် အပူပျံတက် တိမ်များ ဖြစ်ထွန်းမှု အား ကောင်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု မိုး/ဇလမှ ထုတ်ပြန်ထားသည်။
မေလ (၁၀)ရက် ညနေမှ မေလ (၁၈)ရက် အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသ ည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း ထုတ်ပြန်သည်။
အဆိုပါ ဒေသများရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများမှ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီး နေထိုင်ကြသူများမှ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်း ရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးများမှာလည်း ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလမှ သတိပေးနှိုးဆော်ထားသည်။