တိုင်ဖွန်းမုန်တိုင်း (KALMAEGI) အကြွင်းအကျန်များကြောင့် နိုဝင်ဘာ(၈) ရက်မှ (၁၂) ရက်အတွင်း မိုးရွာသွန်းနိုင်သည်ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောကြာထားသည်။
ယင်းသည် မိုးရာသီ၏ နောက်ဆုံးနှုတ်ဆက် မိုးရွာသွန်းခြင်းလည်းဖြစ်နိုင်သကဲ့သို့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် နေ့စဉ်မိုးရေချိန် အများဆုံးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်ခြင်းများရှိနိုင်ခြင်းကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးခင်းများ သတိထားကြရမည်ဟု အသိပေးထားသည်။
ထို့ပြင် စပါး၊ ပဲ ကြဲပက်စိုက်ပျိုးလိုသည့် ဖော်ပြပါ တိုင်းနှင့်ပြည်နယ်(၄)ခုရှိတောင်သူများအနေဖြင့် နိုဝင်ဘာ (၁၂) ရက်နောက်ပိုင်းမှသာ ကြဲပက်စိုက်ပျိုးခြင်းများ ပြုလုပ်သင့်ကြောင်းနှင့် မိုးနည်းနိုင်သည့် အခြားပြည်နယ်/တိုင်း များမှ တောင်သူများအနေဖြင့် ပဲ/စပါး ကြဲပက်စိုက်ပျိုးရန် အချိန်သင့်ပြီဖြစ်ကြောင်း အသိပေးထားသည်။
