Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeInternationalတိုင်ဖွန်းမုန်တိုင်း "မဝါ" နီးကပ်လာသဖြင့်...

တိုင်ဖွန်းမုန်တိုင်း “မဝါ” နီးကပ်လာသဖြင့် ဂျပန်၌မိုးသည်းထန်စွာရွာသွန်း

တိုကျို၊ဇွန် ၂

တိုင်ဖွန်းမုန်တိုင်း “မဝါ” နီးကပ်လာသဖြင့် ဂျပန်ရှိအချို့‌ဒေသများ၌ မိုးသည်းထန်စွာရွာသွန်းလျက် နိုင်ငံအနှံ့လေပြင်းများတိုက်ခတ်ကာ သောင်းနှင့်ချီသောလူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အာဏာပိုင်များကညွှန်ကြားထားကြောင်းသိရသည်။

ယခုသီတင်းပတ်အစောပိုင်း၌ ဂူအမ်ကျွန်းအား ပျက်စီးစေခဲ့သော မုန်တိုင်းမဝါသည် အစောပိုင်းကစူပါတိုင်ဖွန်းမုန်တိုင်းအဆင့်မှ အပူပိုင်းမုန်တိုင်းအဆင့်သို့အားပျော့သွားကာ မုန်တိုင်း၏ဗဟိုသည် ပစိဖိတ်သမုဒ္ဒရာသို့ရွေ့လျားလာစဉ် ဟွန်ရှူးကျွန်း၏တောင်ဘက်သို့ ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားသည်။

သို့သော်မုန်တိုင်း၏စိုစွတ်သောလေထုကြောင့် မိုးသည်းထန်စွာရွာခြင်းမျိုးဖြစ်နိုင်ကြောင်းလည်း ပညာရှင်များကသတိပေးထားသည်။အလားတူ ရာသီဥတုပုံမျိုးကြောင့် ယခင်ကလည်း ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ၂၀၁၈ ခုနှစ် နွေရာသီကဂျပန်နိုင်ငံအနောက်ပိုင်း၌ဖြစ်ခဲ့ဖူးကာ လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ဖူးသည်။

ဂျပန်မိုးလေဝသအေဂျင်စီသည် စနေနေ့နံနက်အထိ ၂၄ နာရီအတွင်း ဟွန်ရှူးအနောက်ပိုင်းဒေသများတွင် မိုးရေချိန် ၃၅၀ မီလီမီတာရှိမည်ဟု ခန့်မှန်းထားပြီး အိုကီနာဝါကျွန်း၊ရှီကိုကုနှင့် ဟွန်ရှူးကျွန်းများ၌ ရေကြီးမှုသတိပေးချက်များကိုထုတ်ပြန်ခဲ့သည်။

ဟွန်ရှူးအလယ်ပိုင်းရှိ တိုယိုဟရှိတွင် လူ ၂၇,၀၀၀ ခန့်အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်အကြံပြုထားပြီး ရှီကိုကု၏ အချို့နေရာများတွင်လည်း ဘေးလွတ်ရာရွှေ့ပြောင်းရန် အကြံပြုချက်များထုတ်ပြန်ခဲ့သည်ဟုဆိုသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071