Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeInternational​တိုင်ဖွန်းမုန်တိုင်း ဘာဗီ(Bavi) ကြောင့်...

​တိုင်ဖွန်းမုန်တိုင်း ဘာဗီ(Bavi) ကြောင့် ထိုင်ဝမ်နဲ့ ဂျပန်မှာ အထိနာ

​စနေနေ့မှာ တိုင်ဖွန်းဘာဗီ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် အရှေ့အာရှတလွှားမှာ ဆိုးဆိုးရွားရွား ကမောက်ကမတွေ ဖြစ်ခဲ့ရပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းတွေကို လေပြင်းတွေ၊ မိုးသည်းထန်မှုတွေနဲ့ ဝင်ရောက်မွှေနှောက်ခဲ့သလို ထိုင်ဝမ်မှာလည်း လူနေမှုဘဝတွေ ရပ်တန့်လုနီးပါးအထိ ဖြစ်သွားခဲ့ပါတယ်။

​ဖိလစ်ပိုင်မှာလည်း ဘာဗီကြောင့် အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့
​ပြီးခဲ့တဲ့အပတ်က အမေရိကန် ပစိဖိတ်နယ်မြေတွေဖြစ်တဲ့ ဂူအမ်ကျွန်းနဲ့ မြောက်ပိုင်း မာရီယာနာကျွန်းစုတွေအပေါ်မှာ “စူပါတိုင်ဖွန်း” အဖြစ် စတင်ဖြစ်ပေါ်ခဲ့တဲ့ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံမှာလည်း ရေကြီးတာတွေနဲ့ မြေပြိုတာတွေကို ဖြစ်စေခဲ့ပါတယ်။ အနည်းဆုံး လူ ၁၇ ယောက် သေဆုံးခဲ့ပြီး တောင်ပိုင်း မင်ဒါနာအိုကျွန်းမှာတော့ ၉ ယောက် ပျောက်ဆုံးနေပါတယ်။

​ဆာရန်ဂါနီ (Sarangani) ပြည်နယ်၊ မာလာပါတန် (Malapatan) မြို့မှာ မြေပြိုမှုကြောင့် လူဆယ်ဦး သေဆုံးခဲ့ပြီး ဘူကစ်ဒ်နွန် (Bukidnon) ပြည်နယ်မှာတော့ နှစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။ လာနောင်း ဒယ် ဆာ (Lanao del Sur) မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ နောက်ထပ် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင် မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ဒါ့အပြင် မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

​ဒီမုန်တိုင်းကြောင့် လူပေါင်း ၅ သိန်းကျော် အတိဒုက္ခရောက်ခဲ့ရပြီး လူ ၁၁,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

​ဂျပန်မှာ ထောင်နဲ့ချီတဲ့ လူတွေ လျှပ်စစ်မီး ပြတ်တောက်
​ဂျပန်နိုင်ငံ၊ အိုကီနာဝါ စီရင်စုက ဆာကီရှီမာ (Sakishima) ကျွန်းစုကို တစ်နာရီကို ၁၄၄ ကီလိုမီတာ (မိုင် ၉၀) နှုန်းရှိတဲ့ လေပြင်းတွေနဲ့ ဒီမုန်တိုင်းက ဝင်ရောက်ရိုက်ခတ်ခဲ့ပါတယ်။

​အိမ်ခြေ ၂၄,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်နေပြီး လေကြောင်းခရီးစဉ် ၃၄၅ ခုကို ဖျက်သိမ်းထားသလို ကူးတို့သင်္ဘော ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

​တိုင်ပေမှာ လေပြင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်
​ထိုင်ဝမ်မှာတော့ ဒီတိုင်ဖွန်းမုန်တိုင်းကြောင့် “မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတဲ့‌ဒေသက လူ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အိမ်ခြေ ၁၅၀,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်” လို့ ထိုင်ဝမ် ဒေသခံ သတင်းထောက် ရစ်ခ် ဂလော့ဝါ့တ်(Rik Glauert) က ပြောပါတယ်။

​အာဏာပိုင်တွေက ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ် ၁,၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ကျောင်းတွေနဲ့ ရုံးတွေကို နှစ်ရက်ကြာ ပိတ်ထားခဲ့ပါတယ်။

​ထိုင်ဝမ် အာဏာပိုင်တွေဟာ ကျောင်းတွေနဲ့ ရုံးတွေကို နှစ်ရက်ကြာ ပိတ်ထားခဲ့ပါတယ်။

​မုန်တိုင်းက အနောက်ဘက်ကို ရွေ့လျားသွားတဲ့အတွက် စူပါတိုင်ဖွန်းအဆင့်ကနေ လျှော့ချသတ်မှတ်လိုက်ပြီ ဖြစ်ပေမယ့် “တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော် တိုက်ခတ်နေတဲ့ လေပြင်းတွေနဲ့ မိုးရေချိန် တစ်မီတာကျော်လောက်က မြို့တော် တိုင်ပေကို ဆက်တိုက်ဝင်မွှေနေဆဲဖြစ်ပြီး သစ်ပင်တွေနဲ့ ဓာတ်အားလိုင်းတွေ ပြိုကျတာ၊ မြစ်ရေလျှံတာတွေနဲ့ ဒေသအလိုက် ရေကြီးရေလျှံမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်” လို့ ဂလော့ဝါ့တ်က သတင်းပေးပို့ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071