Wednesday, April 30, 2025

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ...

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည်...

အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ...
HomeNewsLocal Newsတိုက်ပွဲဝင်နိုင်စွမ်းရှိ ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်လာနိုင်သည့်မြန်မာ့တပ်မ​‌တော်ရေ

တိုက်ပွဲဝင်နိုင်စွမ်းရှိ ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်လာနိုင်သည့်မြန်မာ့တပ်မ​‌တော်ရေ

ယခု လတွင် တပ်မ​တော် ​ရေ၊​လေ တို့၏ နှစ်ပတ်လည်များကျ​ရောက်သည့်အား​လျော်စွာ တပ်​တော်ဝင်ခြင်းများကိုလည်း နှစ်ပတ်လည်အထိမ်းအမှတ်တွင် ပြုလုပ်​နေကြသည်။ အသစ်​ရောက်ရှိ​နေ​သော စစ်​လေယာဥ်/​ရေယာဥ် များစတင်တာဝန်ထမ်း​ဆောင်ခြင်းများကို ပြသခြင်း​ကြောင့် အားလုံးကလည်း အကဲခတ်နိုင်ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ် လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအ ကျိုးစီပွားများနှင့်မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့် ရှောက်နိုင်ရန် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းနှင့်မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲ ပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပခဲ့ရာဒီဇင်ဘာ ၂၄ ရက်ကကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။

တပ်မတော်(ရေ)အား ယခင်ကစစ်ရေယာဉ်(မေယု)ဖြင့်စတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့ကာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များမှတစ်ဆင့် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီး ကိုယ်တိုင်တည်ဆောက်နိုင်သည့် စစ်ရေယာဉ်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

“လွန်ခဲ့တဲ့ (၇၅)နှစ်ကစပြီး အဆင့်ဆင့်တည်ဆောက်လာခဲ့ရာမှာ အခုအခါ ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်တွေကို ကိုယ်တိုင်တည်ဆောက်ပြီး တိုက်ပွဲဝင်နိုင်စွမ်းအဆင့်ရောက်အောင် မိမိတို့ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရန် အကောင်းဆုံးအာမခံချက်မှာ စွမ်းရည်ထက် မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက်ပိုင်ဆိုင်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ပင်လယ်ပြင်အကျယ်အဝန်း စ တုရန်းရေမိုင် ၁၄၀၀၀၀ ကျော်ရှိပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့်ရှိ၍ ဆိပ်ကမ်းကြီးများနှင့်ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းများကို အပြည့်အဝအသုံးချကာ သမုဒ္ဒရာဖြတ်ကျော် ရေကြောင်းကုန်သွယ်မှုလုပ်ငန်းများကို ထိရောက်စွာဖော်ဆောင်ရန်အခွင့်အလမ်းများရှိသည်ဟု ဆိုသည်။

တပ်မတော်(ရေ)အား တည်ဆောက်ရာတွင် အဆင့်လိုက်မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။

ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့်ရေတပ်(Three Dimensional Combat Ready Navy)အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်ဟု ဆိုသည်။

ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့်ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကျက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy)အဖြစ်တည်ဆောက်လျက်ရှိသည်ဟုလည်း ဆိုသည်။

ထိုသို့ တည်ဆောက်ရာ၌ ပင်လယ်ပြင်တွင်ရေ ရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော်နိုင်မည်ဖြစ်၍ ဒေသတွင်းအင်အားဖြန့် ကျက်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို တည်ဆောက်သွားရမည်ဟု မှာကြားသည်။

“ရေရှည်မျှော်မှန်းချက်အနေနဲ့အကျိုးစီးပွားတွေဆက်စပ်တည်ရှိရာ ရေပြာကို အင်အားပို့လွှတ်နိုင်တဲ့ရေတပ်(Blue Water Navy Ambition) အဖြစ် မျှော်မှန်းတည်ဆောက်သွားမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြော သည်။

ပြည်တွင်းသင်တန်းများ၌ ထူးချွန်စွာအောင်မြင်ကြသည့် အရာရှိစစ်သည်များအားလည်း ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံအများအပြားသို့ စေလွှတ်တက်ရောက်စေခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲဝင်စစ်ရေယာဉ်များတွင် တာဝန်ထမ်းဆောင်မည့် စစ်သည်တော်များအား အရည်အချင်းပြည့်ဝသည့် စစ်သည်တော်ကောင်းများဖြစ်စေရန်အတွက်​လေ့ကျင့်​ပေးလျှက်ရှိ​ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။ ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းပွဲစဉ်အတွင်း (၃) ပွဲကစားရမည်ဖြစ်ရာ မေ (၁) ရက်တွင် Thammasat Stallions အသင်းနှင့်လည်းကောင်း၊ မေ (၃) ရက်တွင် Black Pearl United အသင်းနှင့် လည်းကောင်း ‌ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရဦးမည်ဖြစ်သည်။ အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ (၉) ဦးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071