(Unicode)
တိုက်ပွဲရှောင်ကချင်အိမ်ထောင်စု၁၀၀ကျော်အား ငွေ၂သိန်းစီထောက်ပံ့
ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့မှုအစီအစဉ်တစ်ခုကို ကချင်ပြည်နယ်တွင်းက တိုက်ပွဲရှောင်စခန်း(၂)မှာ နိုဝင်ဘာ တတိယအပါတ်ထဲ ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြောပါတယ်။
ကချင်အထူးစီမံချက် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဉ်လို့ အမည်ပေးထားတဲ့ အဲ့ဒီ ငွေသားထောက်ပံ့တဲ့အစီအစဉ်ကို ကချင်ပြည်နယ်၊ လော်ဝေါ်နှစ်ခြင်းစခန်းနဲ့ ကေဘီစီစခန်း(၂)မှာဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အိမ်ထောင်စုတစ်အိမ်ထောင်ကို ငွေကျပ်နှစ်သိန်းစီထောက်ပံ့ခဲ့တာဖြစ်ပြီးတော့ အထောက်အပံ့ရခဲ့တဲ့ အိမ်ထောင်စုအရေအတွက်က ၁၁၅စုရှိတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာနကပြောပါတယ်။
အထောက်အပံ့ရ အိမ်ထောင်စု ၁၁၅စုကတော့ ကချင်ပြည်နယ်၊ လော်ဝေါ်နှစ်ခြင်းစခန်းက အိမ်ထောင်စု(၅၇)စု၊ ကေဘီစီစခန်း(၂)က အိမ်ထောင်စု(၅၈)စု ဖြစ်တယ်လို သိရပါတယ်။
တစ်အိမ်ထောင် ငွေကျပ်နှစ်သိန်းအထောက်အပံ့ကိုကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဘရန်ဒီးနဲ့ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေ ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့မှာ သွားရောက်ပေးအပ်ခဲ့ကြပြီးဖြစ်ပါတယ်။
(Zawgyi)
တိုက္ပြဲေရွာင္ကခ်င္အိမ္ေထာင္စု၁၀၀ေက်ာ္အား ေငြ၂သိန္းစီေထာက္ပံ့
ကန႔္သတ္ခ်က္မဲ့ ေငြသားေထာက္ပံ့မႈအစီအစဥ္တစ္ခုကို ကခ်င္ျပည္နယ္တြင္းက တိုက္ပြဲေရွာင္စခန္း(၂)မွာ ႏိုဝင္ဘာ တတိယအပါတ္ထဲ ျပဳလုပ္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းက ေျပာပါတယ္။
ကခ်င္အထူးစီမံခ်က္ ကန႔္သတ္ခ်က္မဲ့ ေငြသားေထာက္ပံ့ျခင္းအစီအစဥ္လို႔ အမည္ေပးထားတဲ့ အဲ့ဒီ ေငြသားေထာက္ပံ့တဲ့အစီအစဥ္ကို ကခ်င္ျပည္နယ္၊ ေလာ္ေဝၚႏွစ္ျခင္းစခန္းနဲ႔ ေကဘီစီစခန္း(၂)မွာေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။
အိမ္ေထာင္စုတစ္အိမ္ေထာင္ကို ေငြက်ပ္ႏွစ္သိန္းစီေထာက္ပံ့ခဲ့တာျဖစ္ၿပီးေတာ့ အေထာက္အပံ့ရခဲ့တဲ့ အိမ္ေထာင္စုအေရအတြက္က ၁၁၅စုရွိတယ္လို႔ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း လူမႈက႐ုဏာလုပ္ငန္းဆိုင္ရာျပန္ၾကားဆက္သြယ္ေရးဌာနကေျပာပါတယ္။
အေထာက္အပံ့ရ အိမ္ေထာင္စု ၁၁၅စုကေတာ့ ကခ်င္ျပည္နယ္၊ ေလာ္ေဝၚႏွစ္ျခင္းစခန္းက အိမ္ေထာင္စု(၅၇)စု၊ ေကဘီစီစခန္း(၂)က အိမ္ေထာင္စု(၅၈)စု ျဖစ္တယ္လို သိရပါတယ္။
တစ္အိမ္ေထာင္ ေငြက်ပ္ႏွစ္သိန္းအေထာက္အပံ့ကိုကခ်င္ျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီဥကၠဌ ဦးဘရန္ဒီးနဲ႔ သက္ဆိုင္ရာဌာန တာဝန္ရွိသူေတြ ၂၀၂၁ခုႏွစ္ ႏိုဝင္ဘာလ (၁၆)ရက္ေန႔မွာ သြားေရာက္ေပးအပ္ခဲ့ၾကၿပီးျဖစ္ပါတယ္။