Wednesday, February 19, 2025

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက်...

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊...

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊...

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို...

ယူကရိန်းစစ်ပွဲ ဆွေးနွေးမှုများ၏ ပထမအဆင့်အဖြစ် သံတမန်ဆက်ဆံရေး...

ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကနှင့် ရုရှား အရာရှိများ ဆွေးနွေးမှုအပြီး၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဖော်ဆောင်ရန် အမေရိကနှင့်...
HomeNewsLocal Newsတိုက်ပွဲကြောင့် ယာယီပိတ်ထားခဲ့ရသည့် မြဝတီ-...

တိုက်ပွဲကြောင့် ယာယီပိတ်ထားခဲ့ရသည့် မြဝတီ- မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်

တိုက်ပွဲများကြောင့် ယာယီပိတ်ထားရသော မြဝတီ-မဲဆောက်အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့ ဧပြီလ(၃၀)ရက်နေ့ နံနက်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

” ကုန်သွယ်မှုဆိုင်ရာ ကုန်တင်ယာဥ်တွေ ပြန်ဝင်ထွက် ခွင့်ပြုလိုက်ပြီ။ U-turn လို အလုပ်သမားများ ပြည်ပထွက်ခွာမှုအတွက်ကိုလည်း ဆောင်ရွက်နိုင်နေတယ်လို့သိရတယ်”ဟု ကုန်သွယ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကုန်သွယ်မှုများအတွက် အာရှလမ်းမှ ပြန်လည်ဖြတ်သန်းခွင့်ရရှိရန် တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိသည်ကို သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” အခုသင်္ဃန်းညီနောင်အထိတော့ သွားလို့ရပြီ။ ဟိုဘက်မှာက နယ်မြေလုံခြုံရေးလုပ်နေတယ်လို့ကြားတယ်။ ‌လောလောဆယ် ထို့ကော်ကိုးလမ်းဘက်ကပဲ လာရမှာပဲ။ လမ်းကမပိတ်ဘူး။ တိုက်ပွဲကြောင့် ကုန်ကားတွေ မဆင်းကြတာပဲရှိပါတယ်။ အခု ကျုံးဒိုးဘက် လည်း နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ကြားပါတယ်”ဟု ၎င်းက ဆို သည်။

မြဝတီဒေသတွင်းတိုက်ပွဲကြောင့် ယာယီပိတ်ထားရသော ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားအား ဧပြီ (၂၇)ရက် နံနက် (၁၀)နာရီအချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးပြီး‌နောက် (၃)ရက်အကြာတွင် အမှတ် (၂)ချစ်ကြည်ရေးတံတားကိုလည်း ထပ်မံဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့ တိုက်ပွဲ‌ကြောင့် ပြီးခဲ့သော ဧပြီ (၂၁) ရက်မှစတင်ကာ မြဝတီ-မဲဆောက် အမှတ် (၁) ၊ အမှတ်(၂)တံတားများကို ယာယီ သွားလာဖြတ်သန်းခွင့်များ ပိတ်ထားခဲ့ရခြင်းဖြစ် သည်။

အဆိုပါ ထိုင်း-မြန်မာ အမှတ် (၂) တံ တားသည် နှစ်နိုင်ငံ ကုန်စည်သယ်ယူပို့ ဆောင်ခြင်း အပါအဝင် ထိုင်းနိုင်ငံသို့ မြန်မာ MoU လုပ်သားများ‌  စေလွှတ်ခြင်း၊ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ နိုင်ငံတွင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသားများအား နေရပ်သို့ပြန်ပို့ရာတွင် အသုံးပြုသော တံတားဖြစ်သည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက် တွန်း

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ဖြင့် တိုင်းတာပြီး GDP တွက်ချက်ရာတွင်လည်း နိုင်ငံ၏လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ကဏ္ဍကြီး(၃)ခုကို အခြေခံတွက်ချက်ကာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ်ထူထောင်ရာတွင် စိုက်ပျိုးမွေး မြူရေးအခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်သည်လည်း အရေးကြီးသည့်သွင်းအားစုများဖြစ်သည်ဟု ပြောသည်။ "...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊ ဘူတာစဉ် (၁၃) ဘူတာ မရပ်နားဘဲ ကြာမြင့်ချိန်လျော့ချလာ

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊ (၁၂) အစုန် အမြန်ရထားစဉ်ကို ယခင်က ရန်ကုန်ဘူတာကြီးမှ နံနက် (၅) နာရီထွက်ခွာ၍ မန္တလေးသို့ ည (၁၁) နာရီ (၄၅) မိနစ်တွင် ဆိုက်ရောက်ပြီး၊ ယခုအခါ ပြင်ဆင်လိုက်သည့် အချိန်အရ နံနက် (၆) နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ည (၆)နာရီ (၄၅)...

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဦးဆောင်နေသော အီလွန်မတ်၏ လုပ်ဆောင်ချက်များကို ချက်ချင်းတားဆီးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုချက်များကို လောလောဆယ်အားဖြင့် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ အစိုးရအေဂျင်စီ ၇ ခု၏ ကွန်ပျူတာစနစ်များကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် အစိုးရဝန်ထမ်းများကို ဖယ်ရှားခြင်းတို့ကို တားမြစ်သည့် တရားဝင် အမိန့်ထုတ်ပေးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုထားခြင်း ဖြစ်သည်။ ထိုတောင်းဆိုချက်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071