လူသားတွေ သေဆုံးချိန်မှာ အမှတ်တရ အုတ်ဂူတွေ ပြုလုပ်ကာထားတတ်ကြပေမယ့် သတ္တဝါတို့ အတွက်တော့ အမှတ်တရထားရှိရာ အုတ်ဂူနေရာက နည်းပါးလှပါတယ်။ အခုအခါမှာတော့ ကိုယ်ချစ်တဲ့ သတ္တဝါလေးတွေ သေဆုံးခဲ့ရင် အမှတ်တရအဖြစ် အုတ်ဂူလေးတွေထားရှိကာ ကမ္ပည်းရေးထိုးနိုင်တဲ့ နေရာလေး တစ်ခုရှိလာပြီဖြစ်ပါတယ်။ သန်လျင် မြို့၊ ပျဉ်ထောင်ကျောင်း သုသာန်မှာ တော့ သတ္တဝါလေးတွေရဲ့ အမှတ်တရ အုတ်ဂူလေးတွေမြင်တွေ့ရပြီဖြစ်ပါ တယ်။ အမှတ်တရ အုတ်ဂူလေးတွေ ထားရှိဖို့အတွက် သတ္တဝါလေးတွေ ချစ်တတ်သူ ဒေါက်တာတင်ထွန်းနိုင်က အမှတ်တရနေရာလေးထား ရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေ တယ်လို့လည်း သိရပါတယ်။ ဒေါက် တာ တင်ထွန်းနိုင်အနေနဲ့ သတ္တဝါ လေးတွေ မြေမြှုပ်ဂူသွင်းတဲ့ အလုပ်ကို ကူညီလုပ်ကိုင်ပေးဖြစ်တဲ့အကြောင်းကိုတော့ …
” ကျွန်တော့်အနေနဲ့ ကလေး (သတ္တဝါ)တွေကို မြေမြှုပ်ဂူသွင်းပေးတဲ့လုပ်ငန်းကို အဓိကကူညီဖြစ်ပါတယ်။ အဲဒါလေး စပြီးအခြေတည်တာက ကျွန်တော့်ရဲ့ခွေးလေး သေဆုံး သွားတဲ့အချိန်က မပစ်ရက်ခဲ့တော့ ကိုယ် တိုင်ပျဉ်တောင်ကျောင်းသုသာန်မှာ မြှုပ်နှံခဲ့တယ်။ လွန်ခဲ့တဲ့ ၂နှစ် လောက်ကပေါ့။ အဲဒီကနေ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလလောက်က အင် တာနက်ပေါ်မှာ ဘာတွေ့လဲဆိုတော့ အစ်မကြီးတစ်ယောက်က သူ့ခွေးလေးသေတာ ဘယ်နားမှာ မြှုပ်နှံလို့ရလဲဆိုပြီး အကူအညီတောင်းထားတာ တွေ့ရတယ်။ ကျွန်တော် ချက်ချင်း ဆက်သွယ်ပြီး အကူအညီပေးလိုက် တော့ အဆင်ပြေသွားတယ်။ သူလည်း ကျေနပ်သွားတယ်။ အဲဒီအခါကျတော့ သြော် နောက်လူတွေလည်း ဒီလိုလုပ် ချင်ကြမှာပဲဆိုပြီးတော့ ဖေ့စ်ဘုတ်မှာ ကြေညာပါတယ်။ အခုဆိုရင်တော့ မိုက်ကယ်အပါအဝင် စုစုပေါင်းခွေး လေး၊ ကြောင်လေး ၁၆ ကောင် မြှုပ် နှံဖို့ ကူညီပြီးပါပြီ”လို့ ဒေါက်တာ တင်ထွန်းနိုင်က ပြောပြခဲ့ပါတယ်။
အခုအခါမှာတော့ ပျဉ်ထောင်ကျောင်းသုသာန်မှာတော့ ချစ်စရာခွေးလေး၊ ကြောင်လေး ၁၆ကောင်ရဲ့ အမှတ်တရ အုတ်ဂူလေးတွေ တည်ရှိ လာပြီဖြစ်တဲ့အတွက် သတ္တဝါချစ်သူ တွေအတွက် ထာဝရအမှတ်တရအဖြစ် ကျန်ရစ်သလို မြေမြှုပ်ဂူသွင်းမှုတို့ ပြုလုပ်ပေးနေတဲ့ ပျဉ်ထောင် ကျောင်းသုသာန်မှ အဘဦးစံရှားကလည်း “တကယ်တော့ အဘတို့က အားလုံးအဆင်ပြေဖို့အတွက် စေတနာ လေးနဲ့ပဲ သင့်တင့်တဲ့ ဈေးနှုန်းလေးနဲ့ ကူညီဖြစ်တာပါ။ သူတို့ အဆင်ပြေသွားတော့လည်း ပီတိဖြစ်ရတာပါပဲ” လို့ ဦးစံရှားက ရှင်းပြခဲ့ပါတယ်။
မျိုးကျော် (ကနောင်သွေး)