တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ ၁၁၇ နှစ်ပြည့်ပွဲ တော်အား ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ပျော်ပွဲရွှင်ပွဲများဖြင့် ၃ ရက်တိုင်စည်ကားသိုက် မြိုက်စွာကျင်းပခဲ့သည်။
ဖျော်ဖြေပွဲများအနေဖြင့် နိုင်ငံကျော် ဗီဒီယိုရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်ပန်းသီးနှင့်ဖိုးသဲ အငြိမ့်အဖွဲ့၊အကအလှများ၊စတန့်အကပြကွက်များ၊မြန်မာ့ရိုးရာရုပ်သေးကပြမှုများနှင့်ခြင်းလုံးအလှခတ်ခြင်း၊ Black Diamond Dance group မှ Dancer များမှအကများ၊ အိန္ဒိယအကဖျော်ဖြေမှုနှင့်က လေးငယ်များ၏ ကပြမှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့ပြင် ရိုးရာအဝတ်အထည်များ၊တိရစ္ဆာန်ဥယျာဥ်အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များအပါအဝင် ဆိုင်ခန်းပေါင်းများစွာဖြင့် စျေးရောင်းပွဲတော်ကိုလည်း ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သိရသည်။
ထို့အတူ ပျော်ရွှင်ဖွယ်ဂိမ်းအစီအစဥ်များ၊တရိစ္ဆာန်လေးများနှင့်ဓာတ်ပုံတွဲရိုက်နိုင်သည့်အစီအစဥ်များအပြင် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတားဆီးရေး ပညာပေးအစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။






