အိန္ဒိယအစိုးရသည် အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရကို အသိအမှတ်မပြုထားသော်လည်း ကြာသပတေးနေ့တွင် စတင်မည့် တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အမီယာခန်း မွတ်တာကီ၏ ရက်သတ္တတစ်ပတ်ကြာ ခရီးစဉ်ကို လက်ခံကြိုဆိုသွားရန် စီစဉ်ထားသည်။
တာလီဘန်နိုင်ငံခြားရေးဝန်ကြီးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာနှင့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး၊ ကုန်သွယ်ရေးဆက်ဆံမှုနှင့် အာဖဂန်နစ္စတန်သို့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။
မွတ်တာကီ၏ ခရီးစဉ်သည် ကုလသမဂ္ဂက ၎င်းအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းကို ယာယီကင်းလွတ်ခွင့်ပေးခဲ့ခြင်းကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်း၏ တာလီဘန်အစိုးရအပေါ် တရားဝင် အသိအမှတ်ပြုမထားသော နူးဒေလီ၏ ရပ်တည်ချက်ကို အပြောင်းအလဲဖြစ်လာစေရန် အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ထားသည်။
မွတ်တာကီအနေဖြင့် နူးဒေလီရှိ အာဖဂန်သံရုံးတွင် ၎င်း အစိုးရ၏ တရားဝင်သံတမန်တစ်ဦးကို ခန့်အပ်ခွင့်ပြုရန်နှင့် မွမ်ဘိုင်းနှင့် ဟိုက်ဒရာဘတ်ရှိ အာဖဂန်ကောင်စစ်ဝန်ရုံးများတွင် ဝန်ထမ်းဦးရေ တိုးချဲ့ခွင့်ပြုရန် အိန္ဒိယကို တောင်းဆိုသွားမည်ဟုလည်း မျှော်လင့်ရသည်။
Ref: ဒီဒဗ္ဗလျူ
